"ဆုတောင်းတွေကို ယုံလား" လို့
သူက မေးတော့"ဆုမတောင်းဖြစ်တာ ကြာပြီ" လို့
ကျွန်တော်က ဖြေပါတယ်။အဲဒီလိုနဲ့ တစ်ချိန်မှာ
သူက အခြားတစ်ယောက်ရဲ့ဆုတောင်းလေး ဖြစ်သွားပြီး
ကျွန်တော် မပြည့်ခဲ့တဲ့ ဆုတောင်းလေးကတော့
သူ ဖြစ်ခဲ့ပါတယ်။#ခွန်းညိုသွေး
...........................
မပြည့်ခဲ့တဲ့ဆန္ဒလေးကို ဆုတောင်းလေးအဖြစ်ထားရင်း မောင်မပါတဲ့ ဘဝမှာရှင်သန်နိုင်ဖို့ ကြိုးစားရဦးမယ်။
တစ်ဖက်ကပေးနေတာ ဘယ်လောက်ပဲ မေတ္တာတွေဖြစ်နေပါစေ မလိုအပ်သူအတွက် အပိုသက်သက်ပါပဲ။
မေတ္တာဆိုတာ အသွားအပြန်ရှိမှ လှပတာ မဟုတ်လား။
အယူမရှိပဲ အပေးသက်သက်ဖြစ်နေရင် ဒါဟာတစ်ဖက်သတ်ပါပဲ။
ကျွန်တော်တို့ဟာ ကိုယ့်တည်ရှိမှုကိုမသိတဲ့ မလိုအပ်သူဆီမှာ ဘယ်လောက်တောင် ချစ်ခြင်းမေတ္တာတွေ မြှုံပ်နှံထားပြီးကြပြီလဲ။ တစ်ချိန်ချိန်မှာ နိုးထလာရမှာပေါ့၊ ရုန်းထွက်ခွင့် ရှိရမှာပေါ့။"မောင် ငါအထွန်းတို့ရွာဘက်ကို အလှူလေးသွားလုပ်မလို့ မင်းလည်းအလုပ်များနေတာဆိုတော့ မလိုက်နဲ့တော့နော်....အထွန်းကလည်း သူ့ရွာဆိုတော့ လမ်းကျွမ်းကျင်ပြီးသား ရွာကလူတွေကလည်း အဆင်သင့်စောင့်နေကြမှာ မင်းစိတ်ပူစရာမရှိဘူးနော်''
မောင့်ပေါင်ပေါ်မှာထိုင်နေတဲ့မယ်က အသံတိတ်လေးခွင့်ပြုလိုက်ဖို့ အမူရာပြနေတာမို့....
"OK လေ ခါး ဂရုစိုက်သွား မောင်မပါတဲ့အတွက် ကိုယ့်ကိုကိုယ်ပိုဂရုစိုက်ရမယ်နော်.... အထွန်းကိုလိုတာထက်ပို အားမကိုးရဘူး
ပြီးတော့ ဟိုရောက်ရင် အဲ့ကောင်အထွန်းနဲ့ အိပ်ယာတစ်ပြင်ထဲ မအိပ်ရဘူးနော်''ခါးဘေးမှာ တည်တည်ငြိမ်ငြိမ်နဲ့ ကားမောင်းနေတဲ့ အထွန်းကိုအားနာစွာကြည့်လိုက်မိတယ်။
"မောင်ပြောနေတာကြားလား''
"မောင်ကလည်း...
"မောင်ပြောတာနားမထောင်နိုင်ရင် ခုချက်ချင်းပြန်လှည့်လာခဲ့ ခုချက်ချင်း''