Ep.10(uni)

441 45 30
                                    

10

တစ်နေ့နဲ့တစ်ညလုံး ပင်ပန်းနွမ်းနယ်နေတဲ့ ခန္တာကိုယ်က ရေချိုးလိုက်မှ လန်းဆန်းသွားတယ်။ ပိတ်သားပေါ်မှာ ရောင်စုံဝက်ဝံရုပ်လေးတွေပါတဲ့ ချည်သားအဖြူရောင်လေးကို ထုတ်ဝတ်လာခဲ့တယ်။
အသားရည်ဖြူလွန်းတဲ့ ခါးကိုယ်ပေါ်မှာ ချည်သားအဖြူရောင်လေးကြောင့် ရှင်းသန့်ကြည်လင်လှတယ်။
မောင့်အတွက်ကတော့ ခါးအင်္ကျီသင်္ဘောသားပုံ အကွက်ပွပွကြီးတစ်ထည်သာ သူနဲ့တော်ရှာတယ်။

"ခါး ညအိပ်ဝတ်စုံလဲပြီးပြီလား မောင်နဲ့အပြင်သွားစရာရှိတာကို''

"ဘယ်ကိုလဲမောင်''

"ထားလိုက်တော့ ဒီတိုင်းလည်းကြည့်ကောင်းတယ် မောင်နဲ့လိုက်ခဲ့''

"ညဘက်ကြီးမောင်ရယ် ဘယ်သွားနေတာလဲလို့''

"ရုပ်ရှင်သွားကြည့်မလို့....မုန့်တွေပါယူခဲ့ ကလေးတွေဝေပေးရအောင်''

"ဒီရွာမှာရုပ်ရှင်ရုံ ရှိလို့လား''

"ဟိုရောက်တော့သိမယ်ကွာ''

ကွက်လပ်ကျယ်ကြီးတစ်ခုမှာ လူကြီး၊လူငယ် ၊ ကလေးတွေစုရုံးနေကြတယ်။
တွေ့ပါပြီ ကားဘေးမှာ ပရိုဂျက်တာကို ချိတ်ဆွဲထားပြီး ဒီဘက်ခြမ်းကစက်နဲ့လှမ်းထိုးထားတဲ့ ရုပ်ရှင်ပိတ်ကားကို။

"ဘယ်အချိန်များစီစဥ်လိုက်တာလဲ မဟုတ်မှ ရုပ်ရှင်ပြမယ်ဆိုပြီး ရေခပ်ခိုင်းထားတာလား''

သူ့လုပ်ရပ်ကို ချက်ချင်းပဲ အမိဖမ်းခံလိုက်ရတဲ့မောင်က ညစ်ကျယ်ကျယ်နဲ့ မဖြေပေ။

"လာပါ မုန့်လိုက်ဝေရအောင်''

လက်ထဲမှာ တစ်ယောက်တစ်အိတ်ဆွဲလာတဲ့ မုန့်အိတ်ကြီးတွေနဲ့ ကလေးတွေတင်မက လူကြီးတွေပါလိုက်ဝေရင်း ပျော်နေမိကြတယ်။
ခါးလက်ထဲကမုန့်တွေကုန်တော့ မောင်ကလာဆွဲခေါ်တယ်။
လူစုရဲ့နောက်နားမှာ ခုံတစ်လုံးရှိနေပြီး ခါးကိုအဲဒီကိုခေါ်လာခဲ့တာ။

"ရော့ ခါးကြိုက်တတ်တဲ့ ငှက်ပျောကိတ် ချန်ထားတာ''

"ခါးလည်း မောင်ကြိုက်တတ်တဲ့ ချော့ကလက်ယူထားလိုက်တယ်''

"ဟားဟား ''

နှစ်ယောက်သား ကိုယ့်အတွက်မဟုတ်ပဲ သူ့အတွက်ဆိုတဲ့ စိတ်ကလေးတွေကြောင့် ကြည်ကြည်နူးနူး ရယ်မိကြတယ်။

စွဲထင်ရစ်လေသောWhere stories live. Discover now