ငယ်ငယ်တည်းက သူငယ်ချင်းတွေမှာ Raim နဲ့ T စော က အိမ်ချင်းကပ်ရက် မောင်နဲ့ကတော့ တစ်လမ်းကျော်တယ်။
ရပ်ကွက်ကျော်မှာ သူငယ်ချင်းနှစ်ယောက်ရှိသေးပေမယ့် Rain တို့သုံးယောက်ကသာ အရင်းချာကြီးတွေ။
မောင့်အိမ်ဘေးကို ပိုးဟပ်ဖြူလိုကောင်လေးပြောင်းလာတဲ့အချိန်မှာတော့ မောင်ကသူ့အပိုင်လို့ကြွေးကြော်ကာ သဲသဲလှုပ်ပါတော့တယ်။ သူသာအနိုင်ကျင့်ချင်ကျင့်မယ် Rain နဲ့ T စော စတာကိုတောင်မခံနိုင်။
အဲဒီတည်းက Rain တို့ကသိပြီးသား။
သိတတ်စအရွယ်မှာ ဒါဟာအချစ်လို့ ခါးအပါအဝင်အကုန်လုံးသိနေပေမယ့် မောင်ကတော့ကန်းနေတုန်းပဲ။
ဒါကြောင့်လည်း သူပိုခံစားနေရတာ။
နောက်ကျတယ်ဆိုတာ သေတာကလွဲရင် ကောင်းတာမရှိဘူးမဟုတ်လား။ဒီတစ်ပတ်လုံးလုံး မောင့်မှာသူ့အိမ်ကိုပြန်မအိပ်ရဲဘူး အိပ်ယာပေါ်ကအစ နေရာတိုင်းက ခါးအရိပ်တွေကြီးပဲလေ။
သူညံ့ဖျင်းခဲ့တာဆိုပေမယ့် သူငယ်ချင်းတွေဆိုတော့လည်း ပစ်မထားရက်နိုင်ဘူး။ ဘာကြောင့်များလဲခါးရယ် ဒီတစ်ခါတော့ မင်းပြတ်သားလွန်းတယ်။စကားပြောချင်တာမို့ မောင်အိပ်ယာနိုးကို ထိုင်စောင့်ပေးနေမိတယ်။ အမိဖမ်းတယ်ဆိုလည်း မမှားပေ။ မဟုတ်ရင် အရက်နဲ့မျက်နှာသစ်နေမှ သူစကားပြောမရပဲနေမှာ။
"မောင် မင်းနိုးရင် ရေသွားချိုး ငါမင်းကိုပြောစရာရှိတယ်''
"ပြောလေ ငါသောက်ရင်း နားထောင်မယ်''
"ချီးကိုသောက် မသောက်ခင်ပြောချင်လို့ တစ်မနက်လုံးထိုင်စောင့်နေတာ အလကားအဖြစ်မခံနိုင်ဘူး ဟျောင့် ''
"ဟ ဒါဘယ်ထသွားတာလဲ ပြန်ထိုင် ငါခါးအကြောင်းပြောမှာ ''
ထိုခါမှ လူကိုအဖက်မလုပ်သလို ထသွားတဲ့ကောင်က ဝုန်းခနဲအနားပြန်ရောက်လာလို့ လန့်ရသေး။
"မင်း...မင်း သူဘယ်မှာရှိလဲသိတယ်ပေါ့ ငါထင်သားပဲ မင်းတို့ကောင်တွေ အဆက်သွယ်ရှိမှာပါလို့''
"ငါမသိပါဘူး ထင်ရာတွေပြောမနေနဲ့ ရေသွားချိုး ပြီးမှပြောမယ်''
"ခုပြော ငါအရမ်းသိချင်နေပြီ ပြီးမှချိုးလိုက်မယ်''
မောင့်ပုံစံကိုကြည့်ပြီး စိတ်ပျက်လက်ပျက် ခေါင်းတွေခါရမ်းမိတယ်။