"သတ်လိုက် ရှန်ချွမ်ရွေ့ သတ်လိုက်လို့"
"ကင်မ်ထယ်ရယ်"
ရှန်ချွမ်ရွေ့ရဲ့ အသံခပ်စူးစူးဟာ ထယ်ရယ့်နားထဲသို့ စူးခနဲ ဝင်လာသည်။ ထယ်ရယ်ကတော့ လက်သီးတို့ကို ကျစ်ကျစ်ဆုပ်ထားရင်း ခေါင်းကိုငုံချထားသည်။
ထို့နောက် ရာဇပလ္လင်ပေါ်မှ ဆင်းလာသည့် ရှန်ချွမ်ရွေ့က ထယ်ရယ့်ရှေ့တည့်တည့်တွင် မုဆိုးထိုင် ထိုင်ချပြီး ထယ်ရယ့်ပါးကို ခပ်ကြမ်းကြမ်းဆွဲကိုင်ကာ အကြည့်ချင်း ဆုံစေသည်။
"ဘာလို့လဲ ဘယ်သူ့သဘောနဲ့လဲ"
"ဟာအိုဟျောင်းမှ မရှိတော့တာ"
ဟုတ်တယ် ဟာအိုဟျောင်း မရှိတဲ့ သူ့ဘဝက အလင်းရောင်မဲ့နေတဲ့ ဘဝကြီးပင်ဖြစ်သည်။ ရှင်သန်နေစရာ အကြောင်းလည်း မရှိတော့ဘူးလေ။
"ဟ"
လှောင်ရယ်သလို ရယ်လာသည့် ရှန်ချမ်ရွေ့ထံသို့ ထယ်ရယ်၏ ခက်ထန်သည့် အကြည့်တို့သည် ရောက်ရှိသွားရသည်။ ဩဇာအာဏာနှင့် ပြည့်စုံလွန်းသော ဂျိုဆွန်းတစ်ပြည်လုံး ဖိန့်ဖိန်တုန်ကြောက်ရသည့် ပြည့်ရှင် ဧကရာဇ်ကို ထိုကဲ့သို့ ကြည့်ရဲသူမှာ ကင်မ်ထယ်ရယ်သာ ရှိလိမ့်မည်။ ထိုဧကရာဇ်အတွက်လည်း ကင်မ်ထယ်ရယ်ဟာ ချွင်းချက်တစ်ခုဖြစ်နေလိမ့်မည်။
"ဟာအိုက သူ့အပြစ်သူပေးဆပ်လိုက်ရတာ"
"မင်းသတ်လိုက်တာလေ"
ထယ်ရယ်အော်လိုက်သည်။ ထိုသူကလည်း ထယ်ရယ့်ပုခုံးကို ခပ်ကြမ်းကြမ်းပြန်ဆုပ်ကိုင်ပြီး ပြန်လည်အော်ပြောလာသည်။
"မင်းကို ငါ့ဘဝထဲက သူဆွဲထုတ်သွားတာလေ အဲ့တာ သူ့အပြစ်ပဲ"
"ထယ် မင်းမှတ်ထား မင်းကို ငါ့ဘဝထဲက ဆွဲထုတ်ဖို့ ကြိုးစားတဲ့သူမှန်သမျှကို ငါဘာမဆို လုပ်နိုင်တယ်ဆိုတာ"
"ငါမင်းကို အရမ်းမုန်းတာပဲ ရှန်ချွမ်ရွေ့"
🜚🜚🜚🜚🜚🜚🜚🜚🜚🜚
မျက်စိရှေ့က ဖြတ်သွားသည့် တယောအိတ်လွယ်ထားသည့် ကောင်လေးနှင့် ဂီတာအိတ် လွယ်ထားသည့် ကောင်လေးကို ကြည့်နေရင်း ရစ်ခီစိတ်ထဲ တစ်မျိုးတစ်မည်သော ခံစားချက်တစ်ခုဖြစ်လာရသည်။
ဘာပါလိမ့် ဒီခံစားချက်က။ ခေါင်းစဉ်တပ်မရသည့် ခံစားချက်တွေက ရစ်ခီ့ရင်ထဲ ကြီးစိုးလာသည်။
နောက်ပြီးတော့ ရင်ဘက်ထဲကနေ စူးပြီးကို နာကျင်ရသည်။ ဘာလို့ သူတို့တွဲသွားတာက ရစ်ခီ့ကို ရင်နာစေရတာလဲ။ အထူးသဖြင့် ဂီတာနဲ့ကောင်လေး၏ လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတာက တခြားတစ်ယောက်ဆိုသည့် ခံစားချက်က ရစ်ခီ့ရင်ကို အကြိမ်ကြိမ်အခါခါ ထိုးနှက်နေတာ။
ဘာလို့လဲ။ အမှန်အတိုင်းပြောရရင် ဒီလူတွေကို ရစ်ခီဒီနေ့မှ မြင်ဖူးတာ။ အဲ့တာကို တကယ်ပဲ ဘာလို့..
"ရစ်ခီ"
"ဟင် ဂယူဘင်း"
"ဘာကြည့်နေတာလဲ အာ ဟာအိုဟျောင်းနဲ့ ထယ်ရယ်ဟျောင်းလား"
"ဟင်"
"မင်းကြည့်နေတဲ့ ၂ယောက်လေ ထယ်ရယ်ဟျောင်းက ဂီတာနဲ့ တယောနဲ့ကတော့ ဟာအိုဟျောင်းလေ"
ဟာအိုနဲ့ ထယ်ရယ်။ နာမည်သိလိုက်ရတော့ ပိုပြီးတော့ ရင်တွေနာရပြန်ရော။ ဒါပေမဲ့ ဂယူဘင်းဆက်ပြောလာတဲ့ အကြောင်းအရာက အကြမ်းဖျင်း ခန့်မှန်းမိပြီးသားဖြစ်တာကိုတောင် ပိုပြီး ရင်နာရစေတယ်။
"သူတို့က တွဲနေကြတာလေ တော်တော်လေး ကြာပြီ"
မစခင်ကတည်းက ရှုံးနေတယ်ဆိုတာ ဒီလိုမျိုးလား။ ထိုအတွေးနဲ့အတူ ရစ်ခီ၏ ပါးပြင်ပေါ်တွင်လည်း မျက်ရည်စီးကြောင်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
🜚🜚🜚🜚🜚🜚🜚🜚🜚🜚
Updateမတင်သေးပါဘူး ဒီတိုင်း အမြည်းလာပေးတာ 😙 Jeonghyeonနဲ့ Minimoni ficလေးတွေ အပြီးသတ်ပြီးမှ ဒါလေးကို သေချာ ရေးပေးမယ် 🫶🏻✨
YOU ARE READING
Light Me
Fanfiction네가 먼저 나를 찾아낸다면 다시 날 안아줄 거야? If you find me first, will you hold me?? Shen Quanrui || Kim Taerae