-14-

297 40 20
                                    

သတိပြန်မလည်တာ တစ်ရက်ကျော်နေပြီဖြစ်သော ထယ်ရယ့်ကို ကြည့်ရင်း ချွမ်ရွေ့ရင်တွေ ပူလှပြီဖြစ်သည်။

'သတိရလာပါတော့ ကိုယ်တော့် ဧကရီလေးရယ်။ ကိုယ်တော့်ကို မမြင်ချင်လို့များ မျက်ဝန်းလှလှလေးတွေကို မှိတ်ထားလေသလား ထယ်'

နဖူးပေါ်ကျနေသည့် ဆံနွယ်စတို့ကို အသာဖယ်ပေးပြီး ပေါ်လာသည့် နဖူးပြင် ပြေပြေလေးအပေါ် အနမ်းခြွေသည်။

"ကိုယ်တော် ကိစ္စလေးရှိလို့ သွားဦးမယ် ထယ်"

မကြားနိုင်မှန်းသိပေမဲ့ ချွမ်ရွေ့ဟာ စကားတွေပြောနေမိဆဲပါပင်။ ဒါပေမဲ့လည်း နိုးလာလို့ လက်ခံရမယ့် အမုန်းတွေနဲ့ ယှဉ်ရင် ဒီတိုင်းလေးက ပိုကောင်းပါသည်လေ။ ကိုယ်တော် ထယ့်အမုန်းတွေကို လက်ခံဖို့ ခံနိုင်ရည် မရှိနေဘူး ထယ်။

ထို့နောက် ချွမ်ရွေ့၏ စာဖတ်ခန်းကို ပြန်လာခဲ့သည်။ သူတွေ့ချင်သည့် သူနှစ်ယောက်ရှိသည်လေ။ စာဖတ်ခန်းကို ဖွင့်ဝင်သွားလိုက်တော့ ရောက်နှင့်နေပြီးဖြစ်သည့် ကင်မ်ဂျီအွန်းနှင့် ဟာအိုဟျောင်း။

ချွမ်ရွေ့လည်း ဝင်သွားပြီး စားပွဲ၏ ထိပ်ဆုံးတွင်ထိုင်သည်။ သုံးဦးလုံးသည် အချိန်အတော်ကြာအထိ ဘာမှမပြောပဲ ငြိမ်သက်နေကြသည်။ ထိုအေးစက်နေသည့် လေထုကိုတော့ ချွမ်ရွေ့ကပဲ ဖြိုခွင်းလိုက်သည်။

"ကိုယ်တော် ခေါ်လိုက်တာ အကြောင်းအရင်း ရှိတယ်ဆိုတာကို သိမှာပါ"

"ဂျီအွန်းဟျောင်း ဂျိုဆွန်းကို ပြန်အုပ်ချုပ်ပါ။ နောက်ပြီး ခမည်းတော်ကို ဆုံးရှုံးသွားရတဲ့အတွက် စိတ်မကောင်းပါဘူး"

အမှန်လည်း စိတ်မကောင်းဖြစ်မိသည်။ ချွမ်ရွေ့ရဲ့ လုပ်ရက်တွေကြောင့် ဖြစ်သွားရသည့် မတော်တဆမဟုတ်ပါလား။ ထယ်သာ နိုးလာလို့ သိရင် သူ့ကို ပိုမုန်းနေတော့မှာပဲ။

"ဟာအိုဟျောင်း"

"ဟျောင်း တရုတ်ပြည်က စခန်းကို ဦးစီးရမယ်။ ဒါ ထယ့်မျက်နှာ ထောက်ထားပြီး ကျွန်တော်ဘက်က အတတ်နိုင်ဆုံး လျော့ပေါ့ထားပေးတာပဲ ဟျောင်း"

ဟာအိုလည်း နားလည်ပါသည်။ သူကိုယ်တိုင်ကလည်း ဒီလောက်နဲ့တင် လွန်စွာ ကျေးဇူးတင်နေမိပြီလေ။ ချွမ်ရွေ့အပေါ် မကျူးလွန်သင့်သည့် အပြစ်ကို ကျူးလွန်မိတာကိုတောင် ချွမ်ရွေ့က လျော့ပေါ့ပေးထားတာ။ တကယ်ဆို သူက သေဒဏ်တောင် ခံသင့်တဲ့သူပါလေ။

Light MeWhere stories live. Discover now