-27-

204 31 2
                                    

"နောက်ဆုံးတော့ ရောက်လာပြီပဲ ရှန်ချွမ်ရွေ့"

ချွမ်ရွေ့ ဖြတ်လာခဲ့သည့် တံခါးအဆုံး အဖွား၏ အသံကြောင့် ကြည့်လိုက်မိတော့ တကယ် အဖွားပင်။

"အံ့ဩမနေပါနဲ့။ ငါက မင်းသိတဲ့ တစ်ယောက် မဟုတ်ဘူး။ သူ့ရဲ့ အစ်မတော်ပဲ။ သူက လူသားတွေကို စီမံပြီး ငါကကျ ဝိဉာဉ်တွေကို စီမံရတာပေါ့"

ချွမ်ရွေ့ အဖွားပြောတာတွေကို ငြိမ်ငြိမ်လေးသာ နားထောင်နေမိသည်။

"အဲ့ကလေးကို အရမ်းချစ်တာပဲလား"

"စကားလုံးနဲ့ ဖော်ပြလို့ မရတဲ့အချစ်နဲ့ကို ချစ်ခဲ့တာပါ သူ့ရဲ့ အတိတ်ဘဝကနေ အခုလက်ရှိအထိကို ချစ်ခဲ့တာ"

"အရမ်းကို ခမ်းနားတဲ့ အချစ်ပဲ"

"ခမ်းနားတာထက် ပိုပါတယ်"

ချွမ်ရွေ့၏ ချေပစကားမှာ အဖွားက ပြုံးသည်။

"အဲ့ကလေး ပျော်နေတယ်လို့ ထင်လား"

"သူ့ရပ်ဝန်းလေးမှာ ကျွန်တော့်ကို မေ့ပြီး ပျော်နေမှာပါ"

"အဲ့လို ထင်တာလား"

"အဖွားပေးလိုက်တဲ့ ဆေးက သေချာပေါက် သူ့ကို ကူညီပေးမှာပါ"

ချွမ်ရွေ့ ရင်နာနာနဲ့သာ ထိုအဖြေကို ဖြေလိုက်မိသည်။

"အဲ့တာ မင်းအတွေးလေ"

"ဗျာ"

ချွမ်ရွေ့ နည်းနည်းတော့ နားမလည်နိုင်တော့။ အဖွားက ဘာကို ပြောပြချင်နေတာလဲ။

"ချွမ်ရွေ့ သိလား။ လူတွေက ဦးနှောက် မှတ်ဉာဏ်ထဲမှာ မှတ်မိနိုင်ဖို့ ကြိုးစားကြရင်း အဲ့ မှတ်ဉာဏ်ထဲကနေ မေ့ပျောက်သွားနိုင်ဖို့ပဲ ကြိုးစားနေကြတာ"

ချွမ်ရွေ့ ငြိမ်နေရင်း ဆက်နားထောင်နေမိသည်။

"နောက်ပြီး အဲ့မှတ်ဉာဏ်က ဦးနှောက်မှာပဲလို့ စွဲကျန်သွားရင် ဘာကို မေ့သွားလဲ သိလား နှလုံးသားထဲက မှတ်ဉာဏ်ကို မေ့သွားတတ်ကြတယ်"

"မင်းလည်း အတူတူပဲ"

ချွမ်ရွေ့ နားမလည်သလို ကြည့်လိုက်မိသည်။

"မင်းရဲ့ တစ်ဖက်သတ်အတွေးတွေနဲ့ အဲ့ကလေးကို ထားခဲ့တယ်။ မင်းကို ပထမဆုံး စတွေ့တဲ့အချိန်မှာ ငါ့ ညီမတော် ပြောခဲ့တာက "ဒီမက်မွန်ပင်က မင်းရဲ့ အသက်လို့" ပြောခဲ့တယ်မလား။ အဲ့ကတည်းက မင်းရဲ့ တကယ့်တည်ရှိမှုကို မေ့နေခဲ့ပြီ"

Light MeWhere stories live. Discover now