"အာ့"
ဒီရက်ပိုင်း ဆက်တိုက်ဆိုသလို မက်နေသည့် အိပ်မက်တွေကြောင့် စိတ်နှင့်လူ မကပ်နေတာ။ အခုလည်း ကော်ဖီဖျော်ဖို့ ရေနွှေးထည့်ရင်း လက်ချော်ကာ ကိုယ့်လက်ပေါ် ကိုယ်လောင်းချမိပြန်သည်။ အတော်လေး ပူနေသည့် ရေနွှေးဖြစ်တာကြောင့် ဖြူဖွေးနေသည့် ထယ်ရယ့်အသားဟာ ချက်ချင်းဆိုသလို ရဲတက်လာသည်။ တိုက်ဆိုင်စွာ ချွမ်ရွေ့ကလည်း မီးဖိုထဲ ဝင်လာပြီး ထယ်ရယ့်လက်ကို မြင်ဖြစ်အောင် မြင်သွားသည်။
"ထယ် လက်က ဘာဖြစ်တာလဲ"
ချွမ်ရွေ့ မျက်နှာက တကယ် စိုးရိမ်ကြီးစွာ နီရဲနေသည့် ထယ်ရယ့်လက်အား ကြည့်ကာ ပြောနေသည်။
"ဟို ရေနွှေးပူ.."
ချွမ်ရွေ့က မျက်မှောင်ကျုံ့ကာ အနာမဖြစ်ထားသည့် လက်ကို ဆုပ်ကိုင်ရင်း အခန်းထဲသို့ ခေါ်သွားသည်။ နောက်ပြီး ထယ်ရယ့်အား ကုတင်ထက်တွင် ထိုင်စေးင်း ချွမ်ရွေ့ကတော့ ဆေးဘူးယူကာ ထယ်ရယ့် အနားသို့ ပြန်လာသည်။
ဆေးထည့်ပေးတော့လည်း အနာအား သေချာလေး ဂရုတစိုက်ဆေးထည့်ပေးပြီး မစပ်စေရန် လေပါ မှုတ်ပေးသည်။ ထယ်ရယ်ကတော့ ဘေးတိုက်မြင်နေရသည့် ရည်းစား ချောချောလေး၏ မျက်နှာအား တစိမ့်စိမ့်စိုက်ကြည့်ရင်းနဲ့ပေါ့။
ဆေးထည့်ပေးပြီးသွားတော့လည်း ချွမ်ရွေ့က လက်ကို မလွှတ်ပေးသေးပဲ ဆုပ်ကိုင်ထားကာ ထယ်ရယ့်ကိုသာ ကြည့်နေသည်။ အရမ်းကို စိုးရိမ်ပူပန်နေသည့် မျက်ဝန်းတွေနဲ့ပေါ့။
"ထယ် ဒီရက်ပိုင်း တစ်ခုခုဖြစ်နေတယ်"
ထယ်ရယ့်ကိုအဲ အရိပ်တကြည့်ကြည့်ရှိနေတဲ့ သူလို့ မပြောရဘူး။ ချက်ချင်း ရိပ်မိသည်။
"ထယ်ရယ်က ဘာဖြစ်ရမှာလဲ ချွမ်ရွေ့ကလည်း"
ထယ်ရယ်က လိမ်ညာပြောလိုက်ရင်း အကြည့်တွေကိုရှောင်တော့ ချွမ်ရွေ့က ပခုံးမှ အသာဆုပ်ကိုင်ကာ အကြည့်တွေကို ပြန်ဆုံစေသည်။ သို့ပေမဲ့ ထယ်ရယ်ကတော့ ပြန်မကြည့်ရဲတာကြောင့် မျက်လွှာတို့သာ အသာချထားမိသည်။
"ကိုယ့်ကို မလိမ်နဲ့ ထယ်။ ထယ် တစ်ခုခုဖြစ်တာနဲ့ ကိုယ် အကုန်သိတယ်။ အခုလည်း ထယ့်ဆီ ကိစ္စ တစ်ခုခုရှိနေတယ်"
YOU ARE READING
Light Me
Fanfiction네가 먼저 나를 찾아낸다면 다시 날 안아줄 거야? If you find me first, will you hold me?? Shen Quanrui || Kim Taerae