-06-

322 42 20
                                    

ဒီနေ့ဟာ ပြောရလျှင် ချွမ်ရွေ့ မရောက်ချင်ဆုံး နေ့တစ်နေ့။ တစ်နည်း ယွမ်အင်ပါယာသို့ ပြန်ရမည့်နေ့။ ချွမ်ရွေ့ မပြန်ချင်ပါ။ သူ့ရဲ့ မက်မွန်ပွင့်လေးနှင့် မခွဲချင်ပါ။

အခုလည်း မြို့ရိုးတံခါးနားတွင် မက်မွန်ပွင့်လေးများ လာမလားဟု လာနိုးလာနိုးနှင့် စောင့်နေခဲ့ပေမဲ့ အချိန်တော်တော်ကြာထိ မပေါ်လာခဲ့ပါ။

"အိမ်ရှေ့စံ ရှန် အခုချိန် မထွက်ရင် တရုတ်ပြည်အဝင်နောက်ကျမယ်ထင်တယ်"

"ဟုတ်တယ် အိမ်ရှေ့စံ။ အခုထွက်ရင်တောင် နောက်ကျမယ်ထင်တယ်"

ဟာအိုကလည်း ဝင်ပြောသည်။ ဟာအိုက နှစ်ယောက်တည်း ရှိချိန်မှ လွဲ၍ ကျန်အချိန်များတွင် အိမ်ရှေ့စံဟုသာ ခေါ်သည်။

"အွန်း အစ်ကိုတော် ဂျီအွန်းနဲ့ ဟာအိုဟျောင်း ကိုယ်တော်.."

"ထယ်ရယ်လေးကြောင့် ကျန့်ကြာနေတာဆိုရင် ကျွန်တော်မျိုး ကိုယ်စားတောင်းပန်ပါတယ်"

ထယ်ရယ့်ရဲ့ အစ်ကိုကြီးဖြစ်သည့် ဂျီအွန်းဟျောင်းက ထင်သည့်အတိုင်း ရိပ်မိနေခဲ့သည်ပဲ။

"မဟုတ်တာ ကိုယ်တော် သွားတော့မယ်။ ဒါပေမဲ့ ကိုယ်တော် ပြန်လာမှာပါ အစ်ကိုတော် ဂျီအွန်း။ ဂျိုဆွန်းမှာ ကောင်းမွန်တဲ့ အချိန်လေးတွေ ပိုင်ဆိုင်ခဲ့ရပါတယ်။ ဟာအိုဟျောင်းကတော့ ဒီမှာ နေခဲ့ဦးပေါ့"

"လမ်းခရီး သာယာဖြောင့်ဖြူးပါစေ အိမ်ရှေ့စံ ရှန်"

ချွမ်ရွေ့လည်း ဒီထက်အချိန်လင့်လျင် မသင့်တော်တော့သည်နှင့် စီးတော်မြင်းပေါ်တက်ကာ ခရီးစနှင်တော့သည်။

ချွမ်ရွေ့ ထွက်လာခဲ့ရပေမဲ့ စိတ်တွေဟာမအေးနိုင်။ ပန်းကလေးဟာ ဟာအိုဟျောင်းကို စိတ်ယိုင်နေသူမဟုတ်ပါလား။ ချွမ်ရွေ့မရှိသည့် အချိန်လေးအတွင်းတွင် သူတို့၏ ရင်းနီးမှုများ တိုးတက်လာခဲ့ပါလျှင်..

'ကိုယ်တော် ဂျိုဆွန်းက ထွက်သွားပေမဲ့ ကိုယ်တော့် နှလုံးသားကတော့ ထယ့်အနား ကျန်ခဲ့တယ်ဆိုတာ ချစ်ရတဲ့ မက်မွန်ပွင့်ကလေးက သိပါရဲ့လား။ ကိုယ်တို့ သေချာပေါက် ပြန်တွေ့ကြမှာပါ ကိုယ်တော့် ဧကရီလေး။'

Light MeWhere stories live. Discover now