-22-

231 36 4
                                    

ညဘက်မှောင်မိုက်နေသည့် ပတ်ဝန်းကျင်တွင် လမ်းမီးမှ အလင်းရောင်တစ်ချို့သာရှိပြီး လှိုင်းပုတ်သံမှလွဲ မည်သည့်အသံကိုမှ မကြားရသည်အထိ ပတ်ဝန်းကျင်သည် တိတ်ဆိတ်လျက်ရှိသည်။

"ထယ် အေးနေပြီလား"

ပင်လယ်လှိုင်းတွေကို သဲသောင်ပြင်ကနေ ထိုင်ကြည့်နေသည့် ထယ်ရယ့်ပခုံးပေါ်သို့ ချွမ်ရွေ့က စောင်တစ်ထည်ကို လွှားခြုံပေးရင်း မေးလာသည်။

"ဟင့်အင်း မအေးပါဘူး ချွမ်ရွေ့ကလည်း။ ချွမ်ရွေ့ထသွားတာ စောင်သွားယူတာလား"

"ဟုတ်တယ်"

ထယ်ရယ့်ကိုသာ စောင်ခြုံထားပေးပြီး ချွမ်ရွေ့ကိုယ်တိုင်ကတော့ ရှပ်အင်္ကျီအပါးလေးနှင့်။ အမြဲ အနက်ရောင်တွေပဲ ဝတ်တတ်တဲ့ ချွမ်ရွေ့က ဒီနေ့မှာလည်း ထူးကဲလို့ ဆွဲဆောင်မှု ပိုရှိနေပြန်တယ်။ အင်္ကျီလက်ကို တံတောင်နားထိ ခေါက်တင်ထားသည့်ကြောင့် လက်ဖျံဖွေးဖွေးအပြင် သွေးကြောစိမ်းလေးတွေကိုပါ မြင်နေရပြီး ချွမ်ရွေ့၏ အသားအရည်ဟာလည်း လရောင်အောက်တွင် ဖွေးဖြူလို့။

ချွမ်ရွေ့ကို ငေးကြည့်နေရင်း လေကပိုတိုးကာ တိုက်လာသည်မလို့ ထယ်ရယ်ကိုယ်လေးကို ကြုံ့လိုက်မိသည်။ ချွမ်ရွေ့ကတော့ လေကြောင့် ပုံပျက်သွားသည့် ဆံပင်ကို ပြင်နေတုန်း ထယ်ရယ်အကြံတစ်ခုရသွားရငည်။

ရုတ်တရက် နွေးသွားသည့် အငွေ့အသက်ကြောင့် ချွမ်ရွေ့ ကြည့်လိုက်တော့ ထယ်ရယ်က ခြုံစောင်လေးအား ချွမ်ရွေ့ကို ခြုံပေးလိုက်ခြင်းကြောင့်ပင်။

"ထယ်ရယ် ကိုယ်ကရ.."

"ချွမ်ရွေ့ကိုပဲ ခြုံပေးတယ် ဘယ်သူပြောလဲ"

ပြောပြီး ချွမ်ရွေ့အရှေ့တွင်ဝင်ထိုင်ကာ ချွမ်ရွေ့၏ ရင်ခွင်ထဲ မှီချလိုက်သည့် ထယ်ရယ့်ပါပင်။ ထိုအခါမှ ချွမ်ရွေ့လည်း သဘောပေါက်သွားပြီး အနောက်မှ နေ၍ ထယ်ရယ့် ကိုယ်ငယ်လေးကို ပွေ့ဖက်ထားလိုက်သည်။

"နွေးလား ထယ်"

"အင်း ချွမ်ရွေ့ရဲ့ ကိုယ်ငွေ့လေးကြောင့်"

ထိုသို့ပြောပြီး ချွမ်ရွေ့ရင်ခွင်ထဲ ငြိမ်ငြိမ်လေး ထိုင်နေပါသော ထယ်ရယ်အား ပိုတိုးကာ ဖက်လိုက်ပြီး ထယ်ရယ့်ခေါင်းလုံးလုံးလေးအား ချွမ်ရွေ့၏ ပါးပြင်နှင့် ကပ်ထားလိုက်သည်။

Light MeWhere stories live. Discover now