-13-

288 45 11
                                    

"အခုထိ ဘာသတင်းမှ မကြားရသေးပါဘူး အရှင်"

"မတွေ့မချင်းရှာကြ"

ကင်မ်ဂျီအွန်းအား ခြိမ်းခြောက်နှိပ်စက်ကာ မေးလို့ရသော်ငြား ချွမ်ရွေ့မလုပ်ခဲ့။ ထယ်ရယ်နှင့် သက်ဆိုင်သူတွေအပေါ်တွင် အမှားတစ်ခုတောင် မကြူးလွန်ချင်။ ထို့ကြောင့် ချွမ်ရွေ့ ရသမျှ အင်အားသုံးကာ ရှာဖွေနေချင်းပင်။

"ကိုယ်တော့် ရင်ခွင်ဆီ ပြန်လာပါတော့ ကိုယ်တော့် ဧကရီလေးရယ်။ ဧကရီလေး သဘောကျတဲ့ မက်မွန်ပန်းတွေတောင် ကြွေတော့မယ်လေ။ ဒီလောက်ပဲ ကိုယ်တော့်ကို အပြစ်ပေးပါတော့"

ခပ်တိုးတိုး ရေရွတ်သံနှင့်အတူ မှိတ်ချလိုက်သည့် မျက်ဝန်းတစ်စုံမှ မျက်ရည်တို့ဟာလည်း စီးဆင်းကျသွားတော့သည်။

🜚🜚🜚🜚🜚🜚🜚🜚🜚🜚

"မိပြီ"

ကြွေကျလာသည့် မက်မွန်ပွင့်ဖက်ကလေးကို ဖမ်းရင်း ထယ်ရယ် ရွေရွတ်လိုက်သည်။ အနည်းငယ်ခုန်ဖမ်းလိုက်ရတာမလို့ ခြေချော်ကာ လဲကျတော့မည့်အချိန် နောက်က ထိန်းလိုက်သည့်သူကတော့ ပြောစရာမလိုအောင်ကို ဟာအိုပင်။

"သတိထားမှပေါ့ကွာ"

"ဟာအို ဟီး"

သွားလေးတွေ ပေါ်တဲ့ထိ ရယ်ပြနေသည့် ထယ်ရယ်ကို ဟာအိုကလည်း ပြုံးရင်း ပြန်ကြည့်သည်။

"ကိုယ့် ထယ်ရယ်လေးကို ဒီလောက် ကလေးဆန်မယ်လို့ မထင်ထားမိဘူး"

"ဟာအိုက ငြိုငြင်နေပြီလား"

"မငြိုငြင်ရပါဘူးဗျာ နေ့လည်စာ စားကြရအောင်"

ပြောပြီး ဟာအိုက လက်တွဲခွဲသွားတော့ ဟာအိုခေါ်သွားသည့်အတိုင်း လိုက်လာသည်။ ယခုအခိုက်အတန့်တွေကတော့ ဟာအိုအတွက် အဖိုးအထိုက်ဆုံး အခိုက်အတန့်တွေပင် ဖြစ်လိမ့်မည်။

ဟာအိုနှင့် ထယ်ရယ် ရှောင်တိမ်းနေခဲ့သည်မှာ အချိန်အတော်အတန်ကြာနေပြီဖြစ်သည်။ ဂျိုဆွန်းကို ချွမ်ရွေ့သိမ်းယူလိုက်သည်ကလွဲ ဘာသတင်းအစအနမှ ထပ်မကြားရတော့။ သို့သည့်တိုင် ချွမ်ရွေ့ဟာ သူတို့ကို မရှာနေဘူးလို့တော့ မပြောနိုင်။ သေချာပေါက် ရှာနေမှာပဲ။ ဒါကြောင့် အနီးအနားက ရွာကို လိုအပ်တာ ထပ်ဝယ်ဖို့ သွားရင်တောင် သတိထားကာ သွားလာနေရတာ။

Light MeWhere stories live. Discover now