ချွမ်ရွေ့ဂျိုဆွန်းကိုလာရသည့် မူလပထမအကြောင်းအရင်းသည် ဂျိုဆွန်းကို အပိုင်သိမ်းဖို့ စနည်းနာရန်သာဖြစ်သည်။ အဲ့အတွက်လည်း ဂျိုဆွန်း ဘုရင်၏ လူယုံ နန်းတွင်းအမတ်၏ အကြံကို သူလက်ခံခဲ့သည်။ ချွမ်ရွေ့တို့အတွက်လည်း အရှုံးမရှိသည်ကို။
ချွမ်ရွေ့က နောက်ပြီး ပြောလျှင် ဖြစ်အောင်လုပ်တတ်သည်။ ခမည်းတော် ကျန်းမာရေးမကောင်းကတည်းက နန်းတွင်းအရေးအရာများကို စီမံပေးခဲ့ရသည့် ချွမ်ရွေ့သည် မည်သည့်အရာမဆို ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချနိုင်သဖြင့် သူတို့ အင်ပါယာတစ်ခုလုံးက အခုချိန်ထိ ကလေး လူကြီးမကျန် လေးစားကြသည်။
ဒါပေမဲ့ အခုချိန်မှာတော့ ချွမ်ရွေ့ တွေဝေနေသည်။ သူဟာ ချစ်ရတဲ့ မက်မွန်ပွင့်လေး မိမိကို စိတ်ကွက်သွားစေမည့် ကိစ္စမျိုးကို အဖြစ်မခံနိုင်။ သို့ပေမဲ့ မက်မွန်ပွင့်ကလေးဟာ ကိုယ့်အပိုင်ဖြစ်ရမည်။ အဲ့သည့်အတွက်လည်း ချွမ်ရွေ့တွင် အစီအစဉ်ရှိပြီးသား။
ထို့ကြောင့် အခု ချွမ်ရွေ့သည် ရှေ့မှ အတွင်းဝန် အမတ်၏ စကားတို့ကို ဆက်ကာ နားမထောင်ချင်တော့။
"ကိုယ်တော် အခု စိတ်မပါနေဘူး"
"ဒါပေမဲ့ ဂျိုဆွန်းကိုသာ သိမ်းနိုင်မယ်ဆိုရင် ယွမ်အင်ပါယာက ဒီထက်"
"ယွမ်အင်ပါယာက ဂျိုဆွန်းကို သိမ်းမှ ပိုကြီးမားလာမှာ မဟုတ်ဘူး အတွင်းဝန် ဂူ"
ချွမ်ရွေ့၏ စကားကြောင့် မျက်စိမျက်နှာ ပျက်သွားသည်ကို သတိထားလိုက်မိပေမဲ့ ချွမ်ရွေ့ဟာ မူပိုင်ဟန်လို့ပင် ဆိုလို့ရသည့် မျက်ခုံးတန်းတို့ကို တွန့်ချိုးထားရင် နှုတ်ခမ်းတို့ကို တင်းတင်းစေ့ထားဆဲ။ ထိုလူဟာလည်း မထီမဲ့မြင် မလုပ်ရဲ။ သူဟာ ယွမ်အင်ပါယာ၏ အရှင်သခင်လေ။
"နောက်ပြီး ခင်ဗျားလို လူလက်ထဲကော ဂျိုဆွန်းကို ကိုယ်တော် အပ်သင့်ရဲ့လား ကိုယ်တော် စဉ်းစားဖို့ လိုတယ်"
ချွမ်ရွေ့ မျိုးပြိုမတက် ဖြစ်ကာ ကျန်ခဲ့သည့် ထိုလူကြီးကို ပြုံးပြရင်းသာ ပြန်ထွက်လာခဲ့သည်။
🜚🜚🜚🜚🜚🜚🜚🜚🜚🜚
"အချစ်ဆိုတာ ဘယ်လိုမျိုးလဲ။ သူ့အကြောင်း တွေးလိုက်မိလိုက်ရင်ကို ပျော်သွားရတာမျိုးလား။ ဒါမှမဟုတ် သူ့ကိုပဲ တွေ့ချင်နေတာမျိုးလား"
YOU ARE READING
Light Me
Fanfiction네가 먼저 나를 찾아낸다면 다시 날 안아줄 거야? If you find me first, will you hold me?? Shen Quanrui || Kim Taerae