-25-

219 34 7
                                    

မနက်ခင်းနေရောင်က မျက်စိတည့်တည့်လာတိုးချိန်တွင် မျက်စိကို စုံမှိတ်ထားရင်း စောင်ကို ဆွဲကာ ခြုံထားလိုက်သည်။ သို့ပင်မဲ့ ငှက်ကလေးတို့၏ အော်ညီးသံကြောင့် ဆက်မအိပ်နိုင်တော့ပဲ မျက်လုံး ပုတ်ခတ်ပုတ်ခတ်ဖြင့် ထယ်ရယ်နိုးထိရတော့သည်။

နိုးလာလာချင်း ဘေးနားဘက်ကိုလှည့်လိုက်ချိန် ချွမ်ရွေ့ကို မတွေ့ရလို့ အာရုံအနည်းငယ် နောက်ကျိကျိဖြစ်ချင်သွားရပေမဲ့ ညကအကြောင်းအရာအား ပြန်တွေးမိကာ ထယ်ရယ့် မျက်နှာဟာ ပူရှိန်းရှိန်းဖြစ်လာရပြီး စောင်အား မျက်နှာအုပ်သည်ထိ ပြန်ဆွဲခြုံကာ ခြေထောက်အား ကန်နေမိသည်။ နောက်ပြီး ကိုယ့်ကိုယ် ပြန်ကြည့်လိုက်တော့လည်း အခုထက်ထိ ဗလာကျင်းနေသည့် အနေအထားမလို့ ပိုလို့တောင် ရှက်လာရသေးသည်။

ထိုအချိန် ရေချိုးခန်းဘက်မှ အခန်းတံခါးဖွင့်သံ ကြားလိုက်ရတာမလို့ ထယ်ရယ်ငြိမ်ငြိမ်လေး နေနေလိုက်သည်။ ကုတင်တစ်ဖက်မှ အိကျသွားသည်ကို ခံစားမိလိုက်တာမလို့ ချွမ်ရွေ့လာထိုင်လိုက်သည်ဆိုတာကို ထယ်ရယ်သိလိုက်ရသည်။

"ထယ် နိုးပြီလား"

ထယ်ရယ့်အနားကို တိုးကပ်ရင်း မေးလာတာမလို့ ချွမ်ရွေ့ကို တွေ့ဖို့ရာ ရှက်နေသေးသည့် ထယ်ရယ်ဟာ အသက်ရှူသံ ထွက်သွားမှာကိုပင် ကြောက်နေသည်အထိ ငြိမ်သက်နေမိသည်။

"ထယ်.."

နောက်တစ်ကြိမ် ထယ်ရယ်၏ လက်မောင်းလေးကို အသာထိကာ လှုပ်နှိုးတော့လည်း ထယ်ရယ်က လုံးဝငြိမ်နေမိတုန်း။ ဟင့်အင်း အခုချိန် ထယ်ရယ် ချွမ်ရွေ့ကို မျက်နှာချင်း မဆိုင်ရဲသေးဘူး။ အခုတောင် မနေ့ညက ချွမ်​ရွေ့၏ ဆွဲဆောင်မှုရှိရှိ ဦးဆောင်နေသည့် ပုံကသာ ထယ်ရယ့် အာရုံထဲ ပြန်ပြန်ရောက်နေတာ ချွမ်ရွေ့ မျက်နှာကိုသာ မြင်လိုက်ရရင်..

"အိပ်နေတုန်းဆို ကိုယ်သွားပြီနော်"

အချိန်အတော်ကြာအထိ ထယ်ရယ်လည်း ငြိမ်နေပြီး ဘာအသံမှ မကြားရတော့ဘူးဆိုမှ ထယ်ရယ်ဟာလည်း စောင်ခြုံထဲမှ ခေါင်းလေး ထွက်လာလိုက်သည်။

"သိသားပဲ မအိပ်နေဘူးဆိုတာ"

ဘေးမှ ရုတ်တရက်ထွက်လာသည့် ချွမ်ရွေ့အသံကြောင့် ထယ်ရယ်ဟာ အမြန်ပြန်ပုန်းဖို့ လုပ်ပေမဲ့ ပိုလျင်တဲ့ ချွမ်ရွေ့က ထယ်ရယ့်ကို စောင်ထဲ ပြန်ဝင်မရအောင် အုပ်မိုးလိုက်သည်။ ထိုအခါ ချွမ်ရွေ့ဝတ်ထားသည့် bathrobeက အနည်းငယ် လျော့ရဲနေတာမလို့ ချွမ်ရွေ့၏ ရက်ဘက်ဖြူဖြူကို မြင်လိုက်ရတာကြောင့် ထယ်ရယ့်မျက်နှာဟာ ပိုလို့ နီလာမှာ ပြေးကြည့်စရာတောင်မလိုပေ။

Light MeWhere stories live. Discover now