-18-

280 44 11
                                    

ချွမ်ရွေ့၏ ကားထဲမှ လေထုသည် တိတ်ဆိတ်ငြိမ်သက်လျက်။ အကြောင်းသည်ကား စောနက ဖြစ်ပျက်သွားသည့် အဖြစ်အပျက်ကြောင့်ပင်။

ထယ်ရယ်က ငိုနေချိန်မှာ ချွမ်ရွေ့အား ဖက်ထားပေမဲ့ အငိုလည်းတိတ်သွားရော ရှက်ကိုးရှက်ကန်းဖြင့်။ ချွမ်ရွေ့ ကိုယ်တိုင်ကလည်း လည်ကုတ်အား ပွတ်နေလျက်။ အိုးတိုးအန်းတန်းအခြေအနေက ၂ယောက်လုံးအတွက် ကိုးယိုးကားယားနိုင်လွန်းနေပြန်သည်။

"ဟို"

နှစ်ဦးစလုံးဆီမှ ပြိုင်တူထွက်လာသည့် အသံ။

"ထယ် အရင်ပြောပါ"

"စောနက တောင်းပန်ပါတယ်။ ပြီးတော့ အားလည်း အားနာတယ်"

"ရပါတယ် ထယ်ရဲ့"

"အာ ချွမ်ရွေ့ကော ဘာပြောမလို့လဲ"

"ထယ် ဘယ်လိုအိပ်မက်မျိုး မက်ခဲ့တာလဲ"

ထယ်ရယ်က ရုတ်တရက် တွေဝေသွားဟန်။ မျက်ဝန်းလေးတွေကလည်း လှုပ်ခက်သွားသည်။ သူမေးခွန်းများ မှားသွားပြီလား။

"မဟုတ်တာ ထယ်ရယ် အဆင်မပြေရင်လည်း ရပါတယ် ကိုယ်က ဒီတိုင်းမေးတာ"

"ဒီတိုင်း ထူးဆန်းတဲ့ အိပ်မက်ပါ။ လူတစ်ယောက်က သတ်သေတဲ့ ပုံစံမျိုး။ သူ့နှလုံးအိမ်တည့်တည့်ကို ဓားနဲ့ထိုးပြီး"

ထယ်ရယ်ပြောလိုက်သည့်စကားတွေကြောင့် ချွမ်ရွေ့ရင်ထဲ ထိတ်ခနဲ။ ဒီတစ်ခါတွင်တော့ မျက်ရည်တွေ ရစ်ဝိုင်းလာရသူက ချွမ်ရွေ့ဖြစ်မည်ထင်သည်။

"ဘာမှတော့ မဟုတ်ပါဘူး။ ဒီတိုင်း အိပ်မက်ပဲကို"

ထယ်ရယ် ဘေးကိုလှည့်ကြည့်လိုက်တော့ ချွမ်ရွေ့ဟာ မျက်ရည်တွေ ရစ်ဝိုင်းလျက်။ အယ်.. ဘာများဖြစ်လို့ပါလိမ့်။

"ချွမ်ရွေ့ အဆင်ပြေရဲ့လား"

ကိုယ်တိုင်သတိမထားမိလိုက်ခင်မှာ ကျလာသည့် မျက်ရည်တွေကို လက်နှင့် အလျင်အမြန်သုတ်လိုက်ရသည်။

"အဆင်ပြေပါတယ် ထယ်။ ဒီနေ့ တစ်နေရာကို သွားမယ်ဆိုတာ နောက်ရက်မှ သွားလို့ကော အဆင်ပြေလား"

"အာ အဆင်ပြေပါတယ် ချွမ်ရွေ့ သဘောပါ"

"ကိုယ် ထယ့်ကိုတော့ အိမ်လိုက်ပို့ပေးမယ်နော်"

Light MeWhere stories live. Discover now