"အဆုံးစီရင်လိုက်တော့"
"အရှင် ခွင့်လွှတ်ပေးပါ။ ဒီတစ်ခါပဲ ခွင့်လွှတ်ပေးပါ"
မျက်ရည်များနှင့် အသနားခံနေပင်မဲ့ ခံစားချက်မရှိ အေးစက်စွာပင် အမိန့်ချမှတ်ခဲ့သည့် ဧကရာဇ်။ ဒါဟာ ထယ်ရယ်မရှိတော့သည့် နောက်ပိုင်း ပြောင်းလဲသွားသည့် ချွမ်ရွေ့၏ ပုံစံပင်။ ပိုသွေးအေးလာကာ ပိုရက်စက်တတ်လာသည်။ အရင်ကထက်ပင် ပို၍ ပြတ်သားလာခဲ့သည်။ မျက်နှာတွင်လည်း အပြုံးအရယ်ဆိုတာ မရှိတော့။ လက်အောက်ငယ်သားတွေဟာလည်း တာဝန်များကို မလစ်ဟင်းရဲ။ သို့ပေမဲ့ ချွမ်ရွေ့ဟာ သမာသမတ်ကျသော ဧကရာဇ်ဖြစ်နေဆဲပင်။
"ထယ် ထယ်သိလား ထယ်သိပ်ကြိုက်တဲ့ မက်မွန်ပွင့်လေးတွေ ပွင့်တဲ့ ရာသီရောက်နေပြီ"
ချွမ်ရွေ့ တစ်နေ့တာ နန်းတွင်း နန်းပြင် အရေးအရာများ စီမံပေးပြီး ကိုယ့်နန်းဆောင်မပြန်ပဲ ထယ်ရယ်စံစားရာ နန်းဆောင်သို့ လာခဲ့သည်။ ဒါဟာ ထယ်ရယ် မရှိတော့ကတည်းက ပထမဆုံး ပြန်လာခြင်းပင်။
ထိုနေ့က အဖြစ်အပျက်တွေက ချွမ်ရွေ့မျက်လုံးထဲ အရာအားလုံးက ကွက်ကွက်ကွင်းကွင်း။ ထယ်ရယ်က သူ့ကို ဖြေရှင်းချက်လေးတောင် ပေးခွင့်မပေးပဲ သူ့အနားက ထွက်သွားဖို့ကို ရွေးခြယ်သွားခဲ့တာ။
ထယ်က သိပ်တော်တာပဲ။ ထယ်ရယ် နောက်ဆုံးအချိန်ပြောခဲ့တုန်းကလိုပဲ ကိုယ်ခံစားနေရပြီ ထယ်။ ထယ့် ဆုတောင်းတွေ ပြည့်တယ်သိလား။ ထယ် ပျော်နေမှာပေါ့နော်။ ထယ်သာ ပျော်နေမယ်ဆိုရင် ကိုယ်နာကျင်နေရလည်း ကျေနပ်ပါတယ်။
🜚🜚🜚🜚🜚🜚🜚🜚🜚🜚
"အရှင် ထွက်ခွါဖို့ အကုန် အဆင်သင့်ဖြစ်ပါပြီ"
"ဟုတ်ပြီ သွားကြတာပေါ့"
ဂျိုဆွန်းအား ဂျီအွန်းဟျောင်း လက်ထဲ ပြန်အပ်ခဲ့ပြီး ချွမ်ရွေ့ရင်ဆိုင်ရသည့် ပြဿနာက လျိုနိုင်ငံနှင့်ပင်။ နှစ်နိုင်ငံကြား နယ်မြေသိမ်းသည့် ပြဿနာသည် ပို၍ တင်းမာလာသည်မလို့ ယခု ချွမ်ရွေ့ကိုယ်တိုင် ဦးစီးရဖို့ ဖြစ်လာရသည်။
ချွမ်ရွေ့ စခန်းကို ရောက်ပြီး သိပ်မကြာခင်မှာပင် နှစ်နိုင်ငံကြား တိုက်ပွဲက စတင်သည်။ ချွမ်ရွေ့ကိုယ်တိုင်ကလည်း ရှေ့ဆုံးကမှနေကာ တိုက်ပွဲဝင်သည်။ တစ်ဖက် လျိုနိုင်ငံဘက်ကလည်း အင်အားကြီးသည်မလို့ အနိုင်အရှုံးက သိပ်တော့ မသိသာလှသေး။

YOU ARE READING
Light Me
Fanfic네가 먼저 나를 찾아낸다면 다시 날 안아줄 거야? If you find me first, will you hold me?? Shen Quanrui || Kim Taerae