"ထယ် အဆင်မပြေတာ ရှိလို့လား"
ကမ်းခြေမှ ပြန်လာပြီးကတည်းက ချွမ်ရွေ့အနားကိုသာ တောက်လျှောက်ကပ်နေသည့် ထယ်ရယ့်ကြောင့် ချွမ်ရွေ့ရင်ထဲ မအေးရ။ ထိုနေ့က ငိုယိုကာ နိုးထလာပြီး ချွမ်ရွေ့ ထွက်မသွားပါနဲ့ဟု တဖွဖွရွတ်ကာ တင်းကြပ်နေအောင် ဖက်ထားသည်။
အကြောင်းအရင်းမေးပေမဲ့ လုံးဝမပြောသည့် ထယ်ကြောင့် ချွမ်ရွေ့လည်း မမေးပဲ ထိုကလေး စိတ်သက်သာရာရအောင် အမျိုးမျိုးလုပ်ပေးမိသည်။ အခုလည်း ချွမ်ရွေ့က နေ့လည်စာအတွက် ချက်ပြုတ်နေတာကို နောက်ကနေ ဖက်ကာ ကျောပြင်ကို မှီထားသည့် ထယ်ရယ်ပါပင်။
ချွမ်ရွေ့မေးတာလည်း မဖြေပဲ ထိုအတိုင်းသာ ငြိမ်နေသည့် ထယ်ရယ့်အား ထွေးပွေ့ရန် မီးဖိုကို ခဏပိတ်လိုက်ပြီး နောက်လှည့်ကာ ကိုယ်ငယ်လေးကိုဖက်ထားလိုက်တော့ တင်းတင်းကြပ်ကြပ်ပြန်ဖက်လာသည့် ထယ်ရယ်။ ချွမ်ရွေ့ ဘာမှမပြောပဲ ခေါင်းလုံးလုံးလေးအား ပွတ်သပ်ပေးတော့ ငြိမ်ခံနေရင်း ခဏကြာတော့ အသံသေးသေးလေး ထွက်လာသည်။
"ချွမ်ရွေ့"
"ပြောလေ ထယ်"
ပါပီမျက်လုံးလေးတွေနှင့် မောကြည့်နေသည့် ထယ်ရယ့်ကို ချွမ်ရွေ့မှာ အသဲတယားယားဖြစ်နေသည်မလို့ နဖူးအား တစ်ချက်နမ်းလိုက်မိသေးသည်။
"ဗိုက်ဆာတယ်"
"အဟား ထယ်ရာ ဘာများလဲလို့ ကိုယ်ပြင်ပေးမယ် ခဏစောင့်နော်"
ထယ်ရယ့်ကို ထမင်းစား စားပွဲတွင် ထိုင်ခိုင်းခဲ့ပြီး ညစာပြင်ဆင်ပေးနေသည့် ချွမ်ရွေ့၏ နောက်ကျောကိုကြည့်နေရင်း မက်ခဲ့သည့် အိပ်မက်အကြောင်းကိုသာ စိတ်ကရောက်သွားမိပြန်သည်။ အိပ်မက်က အိပ်မက်ပဲကို။ ဒီတိုင်းမက်တာ နေမှာပါဟု စိတ်သက်သာရာရအောင် လုပ်နေပေမဲ့ ဘာလို့ ထယ်ရယ့်စိတ်တွေ မအေးနေရတာလဲ။
"ရပါပြီဗျ ကိုယ့်ရဲ့ မင်းသားလေး"
ချွမ်ရွေ့ကိုယ်တိုင် သေချာပြင်ဆင်ထားသည့် စပါကတီပန်းကန်ကို ကြည့်ကာ ထယ်ရယ်မကောင်းသည့် အတွေးတွေကို ဖယ်ထုတ်လိုက်တော့သည်။ ထယ်ရယ်တစ်လုပ်စားလိုက်တော့ ချွမ်ရွေ့လက်ရာဟာ ပြောစရာမလိုအောင်ကို အမြဲကောင်းနေရော။

YOU ARE READING
Light Me
Fanfiction네가 먼저 나를 찾아낸다면 다시 날 안아줄 거야? If you find me first, will you hold me?? Shen Quanrui || Kim Taerae