-11-

261 47 4
                                    

"ဂျိုဆွန်းကနေ ပြန်လည်ကြိုဆိုပါတယ် ဧကရီ ထယ်ရယ်"

အစ်ကိုတော်၏ စနောက်စကားတွင် ထယ်ရယ် ရှက်သွားရသည်။ ခမည်းတော်ကတော့ အကြာကြီးနေမှ ပြန်တွေ့ရသည့် ထယ်ရယ့်ကို ပွေ့ဖက်ကာ ကြိုဆိုသည်။

"ခမည်းတော်တို့ရဲ့ မင်းသားလေး မျက်နှာလေးချောင်ကျသွားသလိုပဲ"

"ခရီးပန်းလို့ပါ ခမည်းတော် ထယ်ရယ် အစစအရာရာအဆင်ပြေပါတယ်"

"ဟုတ်ပါပြီ အနားယူလိုက်ဦး ထယ်ရယ်လေး ညကျမှ ခမည်းတော်တို့ အတူတူလက်စုံ စားကြတာပေါ့"

"ဟုတ်ကဲ့ပါ ခမည်းတော်"

လအတော်ကြာမှ ဂျိုဆွန်းသို့ ပြန်လာရသည်မလို့ ထယ်ရယ့် စိတ်တို့အတော်လေးကို ရွှင်လန်းနေသည်။ ထို့အပြင် ထယ်ရယ်သဘောကျရသည့် မက်မွန်ပွင့်တို့ ပွင့်လန်းသည့် အချိန်ကာလပင်။ ဆာကူရာနှင့်အချိန်ကာလအတူတူတွင် ပွင့်ပေမဲ့ ထယ်ရယ်က မက်မွန်ပွင့်တို့ကို ပို၍ နှစ်သက်သည်။

နေခဲ့သည့် နန်းဆောင်ကိုရောက်တော့ ရင်းနီးပြီး နွေးထွေးသည့် ကိုယ်ပိုင်အငွေ့အသက်လေးကို ရသည်မလို့ ထယ်ရယ်ပြုံးမိသွားသည်။ နောက်ပြီး သတိရသွားသည်က သွားနေကျစာအုပ်ဆိုင်လေး။ ယွမ်အင်ပါယာသို့ မပြန်မှီ စာအုပ်တစ်ချို့ ဝယ်သွားရမည်ဟု တွေးရင်း ခြေလှမ်းတို့ကို စာအုပ်ဆိုင်ဆီသို့ ဦးတည်လိုက်သည်။

"သခင်လေး မလာတာတောင် ကြာပြီနော်"

စာအုပ်ဆိုင်မှ ဦးလေးကြီးမှ ထယ်ရယ့်အား နှုတ်ဆက်သည်။ ထယ်ရယ်ကလည်း အကြောင်းပြချက်တစ်ချို့ကိုသာ ပေးပြီး စာအုပ်တန်းဘက်သို့ ထွက်လာခဲ့လိုက်သည်။ စာအုပ်တန်းတစ်လျှောက် လိုချင်သည့် စာအုပ်ကို ရှာဖွေရင်း သဘောကျသည့် စာအုပ်ကို တွေ့ရှိသွားပြီမလို့ လက်လှမ်းလိုက်ချိန် တစ်ဖက်မှလည်း လှမ်းလာခဲ့သည်မလို့ ကြည့်မိလိုက်တော့ ဟာအိုပင်။

ထယ်ရယ်တို့ နှစ်ယောက်လုံး လက်ကို အမြန်ရုတ်လိုက်ပြီး ထိုကဲ့သို့ ကိုးရိုးကားယားအခြေအနေတွင် အတော်လေးကို ကြာသွားသည်။

"ဂျိုဆွန်းကို ပြန်လာတာလား သခင်လေး"

ဟာအိုဘက်က စကားစလာမှ ထယ်ရယ်လည်း စိတ်နှင့် ကိုယ်နှင့် ပြန်ကပ်တော့သည်။

Light MeWhere stories live. Discover now