-20-

272 39 10
                                    

"ကင်မ်ဂယူဘင်း မင်းဘာတွေ မွှေလိုက်လဲ"

ညနေက ချွမ်ရွေ့ရှိရာကို ရောက်လာပြီး တွဲကြရအောင်လို့ ပြောလာသည့် ထယ်ကြောင့် ချွမ်ရွေ့မှာ အံ့ဩတာရော ဝမ်းသာတာရော ပေါင်းနေခဲ့တာ။ နောက်မှ ပြုံးစစနှင့်ရောက်လာသည့် ဂယူဘင်းကြောင့် တစ်ခုခုလုပ်လိုက်ပြီဆိုတာကို သိလိုက်ရသည်။

"ဘာလို့လဲ အဆင်ပြေသွားပြီလား"

"တကယ်ပဲ ဘာတွေချွန်လိုက်တာလဲ"

"ချွန်တာမဟုတ်ပါဘူး အချစ်စိတ်တွေ ပေါ်ပေါက်လာအောင် လုပ်ပေးလိုက်ရုံပါပဲ"

"ကင်မ်ဂယူဘင်း တကယ်ပါပဲ"

"ဘာလဲ မင်းကိုပါးချသွားလို့လား"

"မဟုတ်ပါဘူး ထယ်ရယ်နဲ့ ဒိတ်ကြရအောင်တဲ့"

"အဲ့တာကိုများ"

ထယ်ရယ်ပြောသွားသည်ကို ပြန်တွေးကြည့်ပြီး ချွမ်ရွေ့မှာ အပြုံးပန်းတွေဆင်မြန်းရသည်။ အခုတော့ ထယ်ရယ့်ကို ချွမ်ရွေ့၏ အခန်းထဲတွင် သိပ်ထားရသည်။ ညနေက ချွမ်ရွေ့ဆီရောက်လာတုန်းက ပင်ပန်းနေသည့် ပုံပေါ်နေတာကြောင့်ပင်။

"အခု ထယ်ရယ်ဟျောင်းကော"

"ငါ့အခန်းထဲမှာ အိပ်နေတယ်"

"မင်း အခုမှရည်းစားဖြစ်တာကို အဲ့တာကြီးကျ"

မျက်လုံးပြူး မျက်စံပြူးနှင့် ချွမ်ရွေ့အား လက်ညှိုးတထိုးထိုးနှင့် ပြောနေသည့် တကောင့်သားကို ခြေမျက်စိနား မနာအောင် ကန်လိုက်သည်။ မဟုတ်တာတွေ လျှောက်တွေးနေပုံများ။

"ဘာတွေ လျှောက်ပြောနေတာလဲ ဒီတိုင်း နွမ်းနေတဲ့ ပုံပေါ်နေလို့ သိပ်ထားတာ"

"မသိလို့ပါ မင်းကလည်း"

"မပြန်သေးဘူးလား"

ချွမ်ရွေ့၏ စာဖတ်ခန်းထဲတွင် အေးဆေးနေနေသေးသည့် ဂယူဘင်းအား ချွမ်ရွေ့ မေးခွန်း ထုတ်လိုက်ခြင်း။

"အမယ်လေး ပြန်မှာပါ ခဏလေး နားတာတောင် မရဘူး ငါလည်း ငါ့ကလေးလေးနဲ့ သွားတွေ့ရဦးမှာပါနော်"

ပွစိပွစိ ရွတ်ကာ ထွက်သွားသည့် ဂယူဘင်းအားကြည့်ကာ ချွမ်ရွေ့ ခေါင်းအသာရမ်းရင်း ရယ်လိုက်မိသည်။

Light MeWhere stories live. Discover now