-19-

297 44 8
                                    

အချိန်အပိုင်းအခြားတစ်ခုကြာအထိ အနမ်းတို့ကို ပုံဖော်ပြီးတဲ့နောက် ဖယ်ခွါသွားသည့် နှုတ်ခမ်းပါးတွေ။ ချွမ်ရွေ့ကတော့ ထယ်ရယ့်နဖူးလေးကို အသာထိကပ်ထားရင်း အကြည့်ချင်းဆုံအောင် ကြည့်သည်။ မျက်နှာလေးအပြင် နားဖျားလေးများပါ ရဲသည်အထိ ရှက်နေသည့် ထယ်ရယ်ကလည်း ချွမ်ရွေ့၏ အကြည့်တို့ကို ရှောင်တိမ်းသည်။

အနမ်းတို့ကို စတင်ခဲ့သည်က ထယ်ရယ်ဖြစ်ပြီး လုပ်ခဲ့မိသည်ကို ပြန်တွေးကာ ရှက်နေသည်မှာလည်း ထယ်ရယ်သာ။ ချွမ်ရွေ့ကလည်း ခါးကိုဖက်ထားသည်ကို မလွှတ်ပေးသေးပဲ နဖူးချင်းထိထားကာ ထယ်ရယ့်ကို လိုက်ကြည့်နေဆဲ။

'ချွမ်ရွေ့နဲ့လည်း ရှက်ပါတယ်ဆိုမှ တကယ်ပဲ'

"ဟို.. ချွမ်ရွေ့ လွှတ်ပေးတော့လေ"

ချွမ်ရွေ့ရဲ့ လက်တွေကြားက ကြိုးစားရုန်းကြည့်ပေမဲ့ အချည်းနှီးသာ။ ဒီကောင်လေး ဘာစားလို့ အဲ့လောက်ထိ အားသန်နေရတာလဲ။

ချွမ်ရွေ့လက်ထဲကနေ ကြိုးစားရုန်းနေသည့် ထယ်ရယ့်ကို ကြည့်ကာ ပြုံးနေမိသည်။ ပြေးလို့လွတ်မည်လို့ ထင်နေတာပဲ ထယ်ရယ်လေးက။

"ထယ်.."

ထယ်ရယ့်နားစည်ထက် ရိုက်ခတ်လာသည့် ချွမ်ရွေ့၏ အသံဟာ အခုမှ ပိုပြီး ရင်ခုန်စရာကောင်းနေသလို။ မဝံ့မရဲ ကြည့်မိတော့ ချွမ်ရွေ့က ထယ်ရယ့်ကို သိပ်ကို စူးစူးရှရှအကြည့်တွေနှင့် ကြည့်နေတာ။

"ထယ်.."

ဒုတိယမြောက်ခေါ်သံမှာတော့ ထယ်ရယ်ဟာ အရည်ပင် ပျော်ကျတော့မည်ဟု ထင်ရလောက်အောက်ထိ ချွမ်ရွေ့ ခံစားလိုက်ရသလို။ ချွမ်ရွေ့ဟာလည်း ထယ်ဟယ်နှင့် အနီးကပ်ဆုံးရှိနေသည်ထင်သည်။ ချွမ်ရွေ့ရဲ့ အသက်ရှူသံ နွေးနွေးလေးတွေက ထယ်ရယ့် နားသပ်စက်နားလေးကို လာရိုက်ခတ်နေသည်။

"အခုချက်ချင်းကြီး ဒီစကားပြောတာ ထယ်ရယ့်အတွက် တစ်မျိုးဖြစ်သွားစေနိုင်တာ ကိုယ်သိတယ်"

ချွမ်ရွေ့ဟာ ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ခုကို ချပြီး သည်တစ်ချိန်မှာတော့ သူဟာ ဘယ်လိုနည်းနဲ့မှ လက်လွှတ်ခံတော့မည်မဟုတ်။ ချွမ်ရွေ့ ဘယ်ကို ဦးတည်နေသည်ကို သိသည့်အလား ထယ်ရယ်ဟာ မျက်နှာလေးတွေရဲကာ တစ်ဖက်သို့ လှည့်ထားသည်။

Light MeWhere stories live. Discover now