-08-

287 38 9
                                    

တစ်နေ့က အဖြစ်အပျက်တွေ အပြီး ခမည်းတော်က ထယ်ရယ့်အပေါ် အနည်းငယ်တင်းကြပ်လာသည်။ ထယ်ရယ့်အပေါ်အမြဲကောင်းပြီး အလိုလိုက်ခဲ့သည့် ခမည်းတော်က ဒီတစ်ခါ ကိစ္စအပေါ် သူလည်း ဘယ်လိုမှ မတတ်နိုင်သည့် အခြေအနေဖြစ်နေဟန်။

အားလုံးက ဂျိုဆွန်းအတွက်ဆိုတာ နားလည်နိုင်ပေမဲ့ အဲ့သည့်အတွက်ပဲ ထယ်ရယ့် နှလုံးသားအထိ စတေးဖို့ လိုအပ်ခဲ့တာလား။ ထယ်ရယ် ဟာအို့ထံ မပေးရသေးတဲ့ ပန်းချီကားလေးကို ကြည့်ရင်း မျက်ရည်တို့သည် မျက်ဝန်းအိမ်ထဲ စုဝေးလာခဲ့သည်။

"ထယ်ရယ်"

"အစ်ကိုတော်"

ဂျီအွန်းဟျောင်း ဝင်လာသည်မလို့ မျက်ရည်တို့ကို ကပျာကယာသုတ်လိုက်ပြီး ပန်းချီကိုလည်း သိမ်းလိုက်သည်။

"တောင်းပန်ပါတယ် အစ်ကိုဖြစ်ပြီး ဘာမှ မလုပ်ပေးနိုင်လို့"

"ဟင့်အင်း အစ်ကိုတော့်အပြစ်မဟုတ်ပါဘူး"

အမှန်တကယ်လည်း မဟုတ်ပါဘူးလေ။ တွေးကြည့်ရင် အားလုံးကို ဆုံးဖြတ်ရခက်ပြီး အကျဉ်းအကြပ်တွေဖြစ်အောင်လုပ်တာက တခြားသူပဲ မဟုတ်ဘူးလား။

ဂျီအွန်းလည်း ဒီတစ်လောအတွင်း တမှိုင်မှိုင် တထွေထွေဖြစ်နေသည့် ညီတော်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။ ဒါပေမဲ့ တစ်ဖက်လူက ချွမ်ရွေ့ဖြစ်နေတော့လည်း သူတို့မှာ မလွှဲသာ မရှောင်ရာဖြစ်နေသည်။

"ဟာအိုနဲ့ တွေ့ချင်လား ထယ်ရယ်"

အစ်ကိုတော်၏ စကားကြောင့် ထယ်ရယ့်မျက်လုံးလေးများ အရောင်တောက်သွားရသည်။ သူ လက်လွှတ်ရမယ်ဆိုရင်တောင် လက်မထပ်ခင် တစ်ကြိမ်တော့ တွေ့ချင်သေးသည်။ မပေးရသေးသည့် ပန်းချီကားလေးကိုလည်း ပေးချင်ပါသေးသည်။

"အဲ့လိုလုပ်ပေးလို့ဖြစ်လား"

"ထယ်ရယ် ဒီတစ်ခါပဲ တွေ့ပြီးရင် ထယ်ရယ်.. ထယ်ရယ် အကုန်မေ့ပစ်မှာပါ"

"အစ်ကိုတော် စီစဉ်ပေးမယ်နော်"

ထိုအခါမှ မျက်နှာလေးဟာ ရွှင်လန်းလာတဲ့ ထယ်ရယ့်ကို ကြည့်ရင်း ဂျီအွန်းပြုံးရသည်။ တစ်ဦးတည်းသော ရှိတဲ့ ညီငယ်လေးကို သူသိပ်ချစ်ရသည်လေ။

Light MeWhere stories live. Discover now