-Happily Ever After-

321 29 4
                                    

"ထယ် ဘာလုပ်နေတာလဲ"

ကုတင်ပေါ်တွင် လပ်တော့တစ်လုံးနှင့် အလုပ်ရှုပ်နေသည့် ထယ်ရယ့်အနား ဝင်ထိုင်ရင်း ချွမ်ရွေ့ မေးလိုက်သည်။

"ကနေဒါသွားရင် ချွမ်ရွေ့နဲ့ အတူတူသွားချင်တဲ့ နေရာတွေရယ် ရှာပြီး ချွမ်ရွေ့နဲ့ အတူတူလုပ်ချင်တာတွေ listလုပ်နေတာ"

ချွမ်ရွေ့ကို ပြောပြပြီး လပ်တော့ screenပေါ်ကိုသာ အာရုံပြန်ရောက်သွားသည့် ထယ်ရယ်ပါပင်။ ချွမ်ရွေ့ကို တစ်ချက်မှ အာရုံမစိုက်သေးတာကြောင့် ထယ်ရယ့်၏ လပ်တော့အား ဆွဲယူကာ ကုတင်ဘေး စားပွဲတွင် တင်ထားလိုက်သည်။

"ဟာ ချွမ်ရွေ့ ဘာလုပ်တာလဲ"

"ကိုယ့်ကိုလည်း အာရုံစိုက်ပါဦး ဟန်းနီးမွန်း ထွက်မယ်ပြောပြီးကတည်းက ထယ်ရယ်က အဲ့တာပဲ အာရုံစိုက်နေတာ"

ထယ်ရယ့်အား ရုတ်တရက်ကြီး ငြူစူကာ ပြောနေသည့် ချွမ်ရွေ့ဟာ တကယ့်ကို သခင်၏ အာရုံစိုက်မှု မရလို့ မာန်ဖီနေသည့် ကြောင်ဖြူလေးလိုဖြစ်နေတာကြောင့် ထယ်ရယ်မထိန်းနိုင်ပဲ ရယ်မိသွားသည်။

ချွမ်ရွေ့ပြောတာကို ထယ်ရယ်က ရယ်နေတာကြောင့် ချွမ်ရွေ့မှာ မျက်ခုံးပိုတွန့်ချိုးသွားပြီး နှုတ်ခမ်းပင် ဆူလာရသည်။

"ထယ်ရယ်နော် ကိုယ့်ကို ရယ်တယ်ပေါ့"

"အာအီဂူး ချွမ်ရွေ့လေးက အာရုံစိုက်ခံချင်တာပေါ့"

"ထယ်ရယ်လို့"

"ကြောင်ပေါက်လေးကျနေတာပဲ ချွမ်ရွေ့က"

ချွမ်ရွေ့၏ ပါးနှစ်ဖက်ကို ဆွဲညစ်ရင်း ကလေးလေးလို ချော့မြူနေသည့် ထယ်ရယ့်ကို ချွမ်ရွေ့ဟာ ကြောင်ပေါက်လေး မဟုတ်ကြောင်း ပြရမှာပေါ့။

"ချွမ်.. ချွမ်ရွေ့"

ချွမ်ရွေ့ဟာ ပါးကို ဆွဲညစ်ထားသည့် ထယ်ရယ့် လက်နှစ်ဖက်ကို ချုပ်ကိုက်ရင်း ကုတင်ထက်မှာ ဖိကပ်ထားလိုက်တော့ ထယ်ရယ်မှာ မုဆိုးကျော့ကွင်းထဲတွင် မိနေသည့် ယုန်သူငယ်လေးလို။

"ကြောင်ပေါက်လေး ဟုတ်မဟုတ် သိချင်လား"

"ချွမ်ရွေ့ ဖယ်ပေး"

Light MeWhere stories live. Discover now