-09-

290 46 8
                                    

ယွမ်အင်ပါယာ၏ ဘုရင်ထီးနန်းတက်ပွဲသည် ရာဇဝင်တွင် စာတွင်သည်အထိ ဖြစ်ခဲ့ရသည်။ တရုတ်ပြည် အင်ပါယာတစ်လျှောက်တွင် အသက်အငယ်ဆုံး နန်းတက်ဘုရင်ဖြစ်သည်ကြောင့်ပင်။ ကန့်ကွက်သူဆိုတာလည်း စိုးစဉ်းမျှမရှိ။

ဘာ့ကြောင့်ဆို နန်းတက်ဘုရင် ရှန်ချွမ်ရွေ့က စာပေအရာ စစ်ရေးအရာ အဘက်ဘက်မှ ပြီးပြည့်စုံသူမလို့လေ။ ပြည်သူများမှလည်း ခြိမ့်ခြိမ့်သဲနေအောင် ချီးမွမ်း ထောပနာပြုကြသည်။ မဟာမိတ်ဖက်များမှလည်း လက်ဆောင်ပဏာများ ဆက်သကြသည်မှာ အလျှံအပယ်။

သို့ပေမဲ့ ချွမ်ရွေ့ဟာ ဒါတွေကို စိတ်မဝင်စား သူစိတ်ဝင်စားသည်က ဂျိုဆွန်းတွင် ကျန်ခဲ့သည့် သူ့ချစ်ရသူလေး။ နန်းတက်ပွဲပြီးတာနှင့် တစ်ဆက်တည်း ကျင်းပမည့် ဧကရီတင်မြောက်ပွဲအတွက် ချွမ်ရွေ့ အတော်လေးကို ရင်ခုန်နေရသည်။ ထယ်ရယ့်ကို သူတရားဝင် ပိုင်ဆိုင်ရမည်လေ။

ဧကရီတင်မြောက်ပွဲကိုတော့ ဂျိုဆွန်းမှာပဲ ကျင်းပမည်ဟု ချွမ်ရွေ့တွေးထားပြီး ဧကရီတင်မြောက်ပြီးတာနှင့် ယွမ်အင်ပါယာဆီသို့ ခေါ်ဆောင်လာရမည်။ ဂျိုဆွန်းကို တွယ်တာလွန်းသည့် မက်မွန်ပွင့်လေးကို ဖြစ်နိုင်လျှင်တော့ ဂျိုဆွန်းမှာပဲ ထားချင်ပါသည်။ သို့ပေမဲ့လည်း ကိုယ်တိုင်က နန်းတက်ဘုရင်ဖြစ်လာတာနဲ့ တပြိုင်နက် လုပ်ဆောင်စရာ စီရင်စရာ ကိစ္စတွေဟာ မျက်နှာ လွှဲထား၍ မရ။ ထို့ကြောင့် ဤကဲ့သို့ စီစဉ်လိုက်ရခြင်း။

နန်းတက်ပွဲ ပြီးလျှင် ပြီးချင်း နောက်တစ်နေ့မှာပင် ဂျိုဆွန်းကို ပြန်ရန် တကဲကဲဖြစ်နေသည့် ချွမ်ရွေ့ကို ခမည်းတော်ကတောင် ပိုရန်ကောဆိုပြီး စနောက်သေးသည်။

"ချွမ်ရွေ့"

"ခမည်းတော်

"ခမည်းတော် တစ်ခုမေးမယ်"

"မေးပါ ခမည်းတော်"

"ဘာလို့ ဧကရီက အဲ့ကလေးပဲ ဖြစ်ရမှာလဲ။ ခမည်းတော် ပြောချင်တာကို အဓိပ္ပါယ်မလွဲလိုက်နဲ့ သားတော်။ တိုင်းပြည်ရေးအရ တစ်ခုခုတွေးမိလို့များလား ခမည်းတော်က အဲ့လိုသိချင်တာ"

"သားတော်အတွက် အဲ့ကောင်လေးမှ မဟုတ်ရင် မဖြစ်လို့ပါ ခမည်းတော်။ ခမည်းတော်အတွက် မယ်တော်က အစားထိုးမရခဲ့သလိုမျိုး"

Light MeWhere stories live. Discover now