-10-

274 51 9
                                    

ချွမ်ရွေ့နှင့် လက်ဆက်ပြီးနောက် ထယ်ရယ်ဟာလည်း တရုတ်ပြည် ယွမ်အင်ပါယာသို့ လိုက်ဖို့ စီစဉ်ရတော့သည်။ ခမည်းတော်ကတော့ ဝမ်းနည်းနေပေမဲ့ မဖော်ပြ။ အစ်ကိုတော်ကတော့ လိုအပ်သည်များကို မှာကြားသည်။

ထယ်ရယ်ကတော့ တရုတ်ပြည် ယွမ်အင်ပါယာ နန်းတော်ကို အပြီးတိုင် လိုက်သွားရတော့မည် ဖြစ်ပေမဲ့ ဟာအိုကတော့ တာဝန်အရ ကျန်ခဲ့ရဦးမည်။ ထို့ကြောင့် နောက်ဆုံးအနေနှင့် တွေ့ဦးမလားဟု ရှာကြည့်မိပေမဲ့ မတွေ့။

ထိုအချိန် အနောက်ဘက်မှ ပခုံးအား ထိတွေ့လာသည့် ခပ်ဖွဖွ အထိအတွေ့ကြောင့် ကြည့်လိုက်တော့ ချွမ်ရွေ့။ ကြည့်ရတာ ထွက်ခွါဖို့ အဆင်သင့်ဖြစ်နေပြီ ထင်ပါသည်။

"အကုန် အဆင်သင့်ဖြစ်ပြီ ထယ်"

"ချွမ်ရွေ့ ထယ်ရယ့်ကို ကောင်းကောင်း အပ်ပါတယ်"

"စိတ်ချပါ အိမ်ရှေ့စံ ကင်မ်။ ကိုယ်တော် ထယ်ရယ့်ကို သေချာ စောင့်ရှောက်ပေးမှာပါ"

"ထယ်ရယ် အစ်ကိုတော် မကြာမကြာ လာခဲ့မယ်နော်"

"ထယ်ရယ်လည်း ဂျိုဆွန်းကို မကြာမကြာ လာနေမှာပါ"

"သွားကြတော့လေ နောက်ကျရင် တစ်ဖက်ကို အဝင်နောက်ကျနေမယ်"

ထယ်ရယ်ကော ချွမ်ရွေ့ကော ခမည်းတော်၊ အစ်ကိုတော်နှင့် အားလုံးကို နှုတ်ဆက်ပြီး ချွမ်ရွေ့ ပြင်ဆင်ပေးထားသည့် ဝေါယာဉ်ပေါ်သို့ တက်လိုက်သည်။ ထယ်ရယ်လည်း မြင်းနှင့် လိုက်မည်ဆိုတာကို မဟုတ်။ ချွမ်ရွေ့ဟာလည်း ခမည်းတော်တို့လိုမျိုး ထယ်ရယ့်ကို သိပ်အကဲပိုတာပဲ။

ဂျိုဆွန်းကနေ ထွက်လာသည်နှင့် ထယ်ရယ်ဟာလည်း ချစ်ခဲ့ဖူးသည့် နှလုံးသားအစုံကို ဂျိုဆွန်းတွင်သာ မြှုပ်နှံခဲ့လိုက်သည်။ ဒီဘဝအတွက် ထယ်ရယ့် နှလုံးသားကို မည်သူ့ထံကိုမှ ထပ်ပေးနိုင်မှာ မဟုတ်တော့သည်ကို သိသည်။

ထပ်မချစ်နိုင်တော့သည့်အတွက် သူ့အပေါ် အစွမ်းကုန် ကောင်းပေးသည့် ချွမ်ရွေ့ကို အားနာရသည်။ ဒါပေမဲ့လည်း ထယ်ရယ် ချွမ်ရွေ့အပေါ် အကောင်းဆုံး ပြန်ဆက်ဆံပေးမည်။

Light MeWhere stories live. Discover now