-16-

316 50 8
                                    

ဆေးလိပ်ပြာချရန် ပြာခွက်ကို လက်လှမ်းလိုက်ချိန် တွေ့လိုက်ရတဲ့ ဆေးလိပ်တိုတွေကြောင့် လက်ထဲမှ အလိပ်ကို ကြည့်ကာ တော်တော်သောက်မိနေတာပဲဟု တွေးမိသွားသည်။ တကယ်တော့ မနေ့က တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ချွမ်ရွေ့ရင်တွေ မွန်းကြပ်လွန်းလို့ စိတ်ဖြေရာအနေနဲ့ သောက်နေမိတာ။

တကယ်တော့ ထယ်ရယ်မရှိတော့တဲ့ နောက်ပိုင်း ခေတ်တွေ တဖြေးဖြေးကူးပြောင်းလာချိန် သူ့အဖော်ပြုရာက ဆေးလိပ်တွေပဲ ဖြစ်ခဲ့တာ။ ဆေးလိပ်သောက်နေချိန်မှာတော့ သူဟာ လွင့်ထွက်သွားတဲ့ အငွေ့တွေကို ကြည့်ရင်း တစ်ချို့အကြောင်းအရာတွေကို မေ့ဖျောက်ထားနိုင်တယ်လေ။

"ရစ်ခီ..."

အော်ကြီးဟစ်ကျယ်နဲ့ ဝင်လာကတည်းက ထွက်မကြည့်လဲ ဘယ်သူဆိုတာ ချွမ်ရွေ့တပ်အပ်သိပါသည်။

"ကင်မ်ဂယူဘင်း မင်းတစ်ရက်လောက်လေးပဲ တိတ်တိတ်လေးနေပေးပါလား"

"ဆောရီး I forgot"

ဖြဲခြောက်တောင် မကြောက်တဲ့အထဲ သကောင့်သားက ထိပ်ဆုံးက။

"ရစ်ခီ ဒီည ဟန်မြစ်မှာ မီးရှူးမီးပန်းပြပွဲရှိတယ်"

"ကလေးကလား မင်းပဲ သွားကြည့်"

"မင်းမလိုက်ရင် ဒီက ဝိဉာဉ်တွေအားလုံးကို ဗြောင်းဆန်အောင် လုပ်ပစ်မှာ"

"သွားမယ်ကွာ"

ချွမ်ရွေ့လည်း စိတ်ညစ်တာတောင် ဒီအမွှေစိန် သူငယ်ချင်းကြောင့် အေးဆေးကို မညစ်ရဘူး။ သူပြောပြောနေကျ ကလေးလေးဆိုတဲ့ ယူဂျင်းကျန်းဆိုလား ယူဘင်းကျန်းဆိုလား ပြန်မကြိုက်ပါစေနဲ့ဟု ချွမ်ရွေ့ စိတ်ထဲကနေ ဆုတောင်းပေးလိုက်သည်။

ချွမ်ရွေ့ကားကို ဟန်မြစ်ကမ်းနားလေးတွင် ကပ်ရပ်လိုက်ပြီး ဘေးဘီကြည့်မိတော့ လူတွေ တော်တော်စည်ကားနေလျက်ရှိသည်။ ကြည့်ရတာ မီးရှူးမီးပန်းပွဲလာကြည့်ကြတာ ထင်တယ်။

"ရစ်ခီ မင်းသွားနှင့်လိုက် ငါတစ်ခုခုဝယ်ပြီး လိုက်လာခဲ့မယ်"

ချွမ်ရွေ့လည်း အိုခေဟု လက်နှင့် လုပ်ပြပြီး ထွက်လာလိုက်သည်။ လူတွေ အများကြီးကြား သွားလာရတာ သိပ်ကိုကြာနေပြီမလို့ ချွမ်ရွေ့မှာ မူးချင်ချင်ဖြစ်လာရသည်။

Light MeWhere stories live. Discover now