သာယာသော နံနက်ခင်းလေးမှာ အိမ်ပုကလေးထဲက အခန်းကျဉ်းထဲတွင် အသက် 26 နှစ်အရွယ် ကောင်လေးတစ်ယောက် အိပ်မောကျနေသည် ။ သစ်သားများကို အသုံးပြု၍ ကာရံထားသောကြောင့် ကြားထဲတွင် ထိုးထွက်နေသော နေရောင်ခြည်က ကောင်လေး၏ မျက်နှာပေါ်သို့ ကျရောက်လာတော့ လက်နှစ်ဖတ်ဖြင့်မျက်လုံးကို ပွတ်၍ နိုးထလာတော့သည် ။
မျက်လုံးနှစ်ဖက် ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မူပိုင်အပြုံးလေးကို နှိုင်းပြုံးလိုက်သည်။ ယနေ့ဟာ နှိုင်းအသက် 26 နှစ်ပြည့်မွေးနေ့ဖြစ်၏ ။ ဘယ်သူမှမပြောဘဲ တိတ်တိတ်လေးမွေးနေ့ကို ဖြတ်သန်းလာရတာ ၃နှစ်ရှိပြီးဖြစ်သည်။ နှိုင်းအရမ်းချစ်ရတဲ့ အဒေါ်ဆုံးသွားတဲ့ အချိန်ကစ၍ဖြစ်သည် ။ နာကျင်လွန်း၍ အော်ငိုလိုက်ချင်သော်လည်း အသက်အရွယ်နဲ့ မလိုက်ဖက်တာကြောင့် ကျချင်နေပြီဖြစ်သော မျက်ရည်တွေကို သုတ်ပစ်လိုက်သည် ။
ဘဝကိုရိုးရှင်းစွာဖြတ်သန်း၍ နေဖြစ်သည်။ မနက်ဆို ဆေးရုံးသွား၍ ညနေဆို ရပ်ကွက်ထိပ်မှာဆေးခန်းလေးဖွင့်ထားသည်။ နှ်ိုင်းဘဝလေးကိုလည်း သာယာတယ်ဟု သတ်မှတ်ထား၏ ။
တစ်ဂျစ်ဂျစ်မြည်နေသော နာရီအသံကြောင့် နာရီကိုကြည့်လိုက်သည်။ 6 နာရီ 5 မိနစ်ကိုပြနေတာကြောင့် ပျင်းရိစွာ ထလိုက်သည် ။ နှိုင်းက အမြဲတမ်ပျင်းသူတစ်ယောက်မဟုတ်ပါ တစ်ခါတစ်ခါမှ ရွေး၍ ပျင်းတာဖြစ်သည် ။
နှိုင်းတစ်ယောက် ကိုယ်ဘာသာသဘောကျပြီး ပြုံးလိုက်သည်။ ဆရာဝန်တစ်ယောက်ဖြစ်သော နှိုင်းက အပြုံးကို လက်ကိုင်ထားသည်ဟုဆိုရမည် ။ အိပ်ယာတွေကိုသိမ်းဆည်းပြီး သစ်သားဗီရိုလေးထဲက ပုဆိုးတစ်ထည်ကို ထုတ်၍ အိမ်နောက်ဖေးက ရေကန်ကိုလာလိုက်သည်။ ရေကိုနှိုက်ကြည့်လိုက်တော့ နည်းနည်းဘဲအေးတာကြောင့် ရေအေးတာကိုကြိုက်သော နှိုင်းက နှားခေါင်းရှုံ့လိုက်မိသည် ။
နှိုင်းရေချိုးပြီးတော့ အဝတ်အစားလှဲပြင်ဆင်၍ မနက်စားတွက် ဗိုက်ကိုဖြည့်လိုက်သည် ။ စားသောက်ပီးတော့ ဂျုတီကုတ်ကိုယူ၍ အိမ်တံခါးတွေကို သော့ပိတ်ကာ ဆေးရုံးကိုထွက်ခဲ့လိုက်သည် ။