တည်တံ့တို့မနက်အစောကြီးထ၍ မာမီနှင့်မြို့ပြင်ဘက်ကို ကားမောင်းလျက် မာမီနဲ့ စကားတပြောပြော
နှင့်သွားကြသည်။ မာမီကြည့်ချင်တဲ့ ခြံကိုရောက်တော့ တည်တံ့တို့ကားကိုရပ်လိုက်သည်။ ခြံက အကျယ်အဝန်း ရှိသော်လည်း စျေးမတည့်တာကြောင့် ပြန်လာခဲ့ကြသည်။" မာမီ...ကြိုက်တယ်မလား..."
"ကြိုက်တယ်လေ.."
"ဝယ်လေးဒါဆိုလဲ..."
"စျေးမကြိုက်လို့လေ..."
"သဘောပါဗျာ...ကျွန်တော်ကလိုချင်တာကိုမဝယ်လို့..."
"နောက်ထပ်သဘောကျတာထပ်ရှိလာမှာပါ..."
"မာမီကဘာလုပ်ဖို့လဲ..."
"သားနှိုင်းဗိုက်ထဲက ...မာမီ့မြေးလေးအတွက်လေ..."
"ဟားဟား...မာမီကသားထက်
အရင်စီစဉ်နေတာပေါ့လေ...""ဒါပေါ့...တည်တံ့သားရှေ့မာကား..."
"ဟမ်..."
တည်တံ့မာမီဘက်စကားလှည့်ပြောနေတဲ့အချိန် ကုန်ကားတစ်စီးက တည်တံ့တို့ကားကိုဉီးတည်ပြီးမောင်းလာတာကြောင့် ခေါင်းထဲမှာပူထူသွားရ၏။ အရှေ့ကနေရည်ရွယ်ချက်ရှိရှိ တိုးဝင်လာတဲ့ကားကြောင့်တည်တံ့ဘာမှဆက်လုပ်လို့မရတော့ပဲ ဝင်တိုက်တာကိုခံလိုက်ရသည်။ ကိုယ့်ဘာသာကို စိတ်မပူမိပါ တည်တံ့ခေါင်းထဲကို ဒိန်းကနဲရောက်လာတာ မာမီပင်ဖြစ်သည်။ အရှိန်ပြင်းပြင်းနဲ့ဝင်တိုက်ခံလိုက်ရတာကြောင့် ကားက သုံးပတ်လောက်လိမ့်သွားရသည်။
မြတ် တစ်ယောက် ကားကြီးကအရှိန်ပြင်းပြင်းဖြင့်ဝင်တိုက်လိုက်တာကြောင့် နာကျင်သွားရသည်။ မိမိနာကျင်တာထက် အသက်သွေးကြောထဲကချစ်ရတဲ့ သားမျက်နှာကို ကြည့်၍ မျက်ရည်တွေကျလာရသည်။ လက်ဖြင့်ထွေးပိုက်ထားချင်တယ် သားခေါင်းမှာ
သွေးတွေစီးကျနေတာက မိမိနှလုံးသားကို ဓားနှင့် ထိုးနေတာထက်နာကျင်ရသည် ။" သား...အင့်...အားတင်းထားနော် ..မာမီရှိတယ်...အင့်..."
နာကျင်နေတာကို အံ့တု၍ သားကိုပြောလိုက်သည် ။ မြတ်သားကို
ကြည့်နေရင်း သားက မျက်လုံးမှိတ်ကျသွားတာကြောင့် ရူးမတက်ဖြစ်သွားရသည်။ သားက ဘာမှဖြစ်လို့မရဘူး လှုပ်လို့မရတဲ့ ခန္တာကိုယ်ကို ဆဲဆိုမိသည်။ သားတစ်ယောက်လုံး သတ်ိလစ်သွားတာကိုမြင်ရက်နဲ့ ဘာမှမလုပ်ပေးနိုင်တဲ့ မိခင်တစ်ယောက်ဖြစ်သွားရသည်။ နာကျင်နေတဲ့ကြားမရရအောင် ရုန်းကန်၍ သား၏ ခေါင်းကို ဖက်ထားလိုက်သည်။