ဒီနေ့ဟာဆိုရင် နှိုင်းတို့ပြန်တော့မဲ့နေ့ဖြစ်တာကြောင့် ကားပေါ်ကိုပစ္စည်းတွေတင်နေတာဖြစ်သည် ။များပြားလှသောလက်ဆောင်တွေကြောင့် အားနာ၍ မယူဘူးပြောသော်လဲ အတင်းပေးတာကြောင့် ဆေးအဖွဲ့တွေအကုန်လုံးယူခဲ့ရသည်။
တောင်ပေါ်ဒေသ၏ အငွေ့အသက်တွေကို လွမ်းနေမိမှာအသေအချာ သတိအရဆုံးဖြစ်မှာက ဒိုစိုင်းဆိုသောကလေးငယ်ပင်ဖြစ်သည်။ နှိုင်းတို့သုံးယောက်ကို ပန်းတွေပေးပြီး ချစ်ပါရစေတဲ့လေ ငိုရခက် ရီရခက်ဖြစ်ခဲ့ရသေးသည်မဟုတ်လား။
၁ပတ်နီးပါး နေခဲ့သော သူတွေက ပြန်တော့မယ်ဆိုတော့ အဘွားနှင့် မိုင်းမိုင်းကလည်း မျက်ရည်ဝဲနေလျက် ရပ်နေကြသည် ။ဒိုစိုင်းကတော့ မျက်ရည်ဘူးသီးလုံးလောက်ကြီးတွေနှင့်ငိုနေသည်။ နှိုင်းတို့ကိုယ်တိုင်လည်း မခွဲချင်ပါ ဧည့်သည်ဆိုတဲ့သဘာဝက အချိန်တန် အိမ်ပြန်ရမည်လေ ခွဲခွာခြင်းကိုနှိုင်းကိုယ်တ်ိုင် မုန်းပါသည်။
"ဘွားဘွား သားတို့နောက်ခါအလည်လာခဲ့မယ်နော်..."
"လာခဲ့နော် ဒေါက်တာလေးတ်ို့ .."
"ဟုတ်..."
"တိမ်ယံတို့လာခဲ့ပါ့မယ် ဘွားဘွား .."
"လာခဲ့ပါဦး....ဒေါက်တာမလေး..."
"ဟုတ် ..ဟင့် .."
ဝမ်းနည်းတတ်သော သစ္စာသည်ဘွားဘွားရင်ခွင်ထဲကို တိုးဝင်၍ ဖက်ခါ ငိုနေတော့သည် ကံပါရင် ပြန်ဆုံရမှာမလား ။
" ဒိုစိုင်းကမငိုပါနဲ့ ...ကိုကိုတိမ်ယံတို့နောက်တခါကျအလည်လာခဲ့မယ်နော်.."
"ဟင့်...သားက...မပြန်စေချင်သေးတာကို..."
"ဟုတ်ပါကွာ...ကိုကိုတို့လည်းမပြန်လို့မရလို့ပါ...."
"သားကိုတစ်ယောက်မှလဲ ..ပြန်မချစ်ကြဘူး..."
"ကိုကိုချစ်တယ်လေနော်..."
" တကယ်လား..."
"တကယ်ပါဗျာ...ချိုချဉ်စားမလား..."
"ဟုတ် .."
"ရော့...မိုင်းမိုင်းလေးရောယူ...မငိုနဲ့နော်...နောက်ကျအလည်လာခဲ့မယ် ..."