တည်တံ့တစ်ယောက် ပြသာနာတွေကိုဖြေရှင်းပြီး ဆေးရုံကိုပျော်ရွှင်စွာပြန်လာသည်။ငွေလိမ်သွားတဲ့ကောင်ကိုလဲ ရဲလက်ကိုအပ်ခဲ့ပြီး ဖြစ်သည်။
ခန့်ပိုင်ကားချင်းတိုက်တဲ့သူကတော့သေချာလုပ်တာမဟုတ်ဘဲ သူငယ်ချင်းတွေအုပ်စုဖွဲ့၍ ကားပြိုင်မောင်းကြပြီး မတော်တဆ ဝင်တိုက်မိတာဖြစ်သည်။ ဝင်တိုက်မိတဲ့ကောင်လေးကလဲ ခန့်ပိုင်လောက်အခြေနေမဆိုးသော်လည်း လက်ကျိူးသွားသည်။
ထိုကောင်လေးမိဘတွေကလဲ
သူ့သားမှားတာသိတာကြောင့် တည်တံ့တို့ကိုလာတောင်းပန်သွားသေး၏။ ထို့ကြောင့်ပြသာနာကတော့ထင်သလောက်မကြီးသွားပါ ။ သို့သော် တည်တံ့၏ သူငယ်ချင်းဖြစ်သူမှာ ခုထိ သတိမရသေးပါ။ ဆရာဝန်တွေကတော့ သိပ်ပြီးမစိုးရိမ်ရတော့ဘူးပြောသည်။ မစိုးရိမ်ရတော့ဘူးပြောသော်လဲ တည်တံ့ကတော့ ရင်ထဲမှာစိတ်မချနိုင်ဖြစ်ရသည်။တည်တံ့ အခန်းရှေ့ရောက်တော့ တံခါးကိုတွန်းဖွင့်၍ ဝင်လိုက်သည်။ ခုံပေါ်မှာထိုင်နေတဲ့ ဇွဲက တည်တံ့ကို မော့ကြည့်လာသည်။ တည်တံ့ကို မြင်သည်နှင့် မျက်ရည်တွေဝဲလာ၍ ငိုတော့သည်။ တည်တံ့စိတ်ထဲတွင် ထိတ်လန့်မှုတွေဝင်သွားရ၏။
"ဘာဖြစ်တာလဲ..ဇွဲ..."
တည်တံ့မေးနေတာကိုမဖြေပဲမျက်ရည်တွေဖြင့်သာစိုက်ကြည့်နေ၏။ ဇွဲငိုနေတာကြောင့်တည်တံ့ရင်ထဲမှာ နာကျင်လာရသည်။ ဘာကြောင့်ဇွဲကငိုနေတာလဲ ငိုနေတဲ့အကြောင်းအရင်းကိုသိချင်တာကြောင့် ပုခုံးကိုဆုတ်ကိုင်၍ တည်တံ့ထပ်မေးလိုက်သည်။
"ဘာဖြစ်တာလဲလို့...ဘာလို့ငိုတာလဲ..."
" တည်တံ့...မင်းစိတ်အေးအေးထားနော်..."
ဇွဲပြောတာကိုတည်တံ့နားမလည်ပါ ဘာကိုစိတ်အေးအေးထားရမှာလဲ ဘာတွေဖြစ်နေတာလဲ ခေါင်းတွေရှုပ်လာရသည်။ စိတ်ထဲမှာလည်း ဝေခွဲမရဖြစ်ရ၏။ ဘာလို့စိတ်အေးအေးထားဖို့ပြောရတာလည်း ဆိုတာသိချင်သည်။
" ဘာကိုစိတ်အေးအေးထားရမှာလဲ...ဇွဲမင်းဘာဖြစ်တာလဲ.."
"တည်တံ့...ခန့်ပိုင်..အင့်..."