"တည်တံ့....ထမင်းလေးစားရအောင်..."
"ကျွန်တော်မစားချင်ဘူး...နှိုင်းဘာသာစားလိုက်...."
"မင်းမစားတော့ငါဘယ်လို
စားဝင်မလဲ...အင့်...ကြာရင်မင်းသေသွားလိမ့်မယ် .."နှိုင်းစိတ်ညစ်ညစ်နှင့်ငိုချမိသည်။ မာမီကလူ့လောကထဲက ထွက်သွားတာ ၁ လကျော်ပြီဖြစ်သည်။ မာမီ့ကိုလွမ်းပြီးပူဆွေးတာ နှိုင်းကိုယ်တိုင်လဲဟုတ်ပါတယ် သို့သော်သူကတော့ ထမင်းလည်းမစား
စားလဲနည်းနည်းသာဟန်ပြစားသည်။ တစ်နေ့တစ်ခြားပိန်လိုက်လာပြီး ဆေးလိပ်တွေသောက်လိုက် ဘီယာတွေသောက်လိုက်နဲ့ကြာရင်သေတော့မဲ့သူနဲ့တူနေပြီးဖြစ်သည်။သူသာတစ်ခုခုဖြစ်သွားတယ်ဆို နှိုင်းကဘယ်လိုဆက်အသက်ရှင်နိုင်ပါမလဲ။"နှိုင်းရာ...သွားစားလိုက်ပါ..."
တည်တံ့ဘာမှစားချင်စိတ်မရှိပါ။ နှိုင်းကိုတော့သနားပါတယ် ကျွန်တော်ကိုယ်တိုင်က တကယ်ကိုစားချင်စိတ်မရှိတာပါ မာမီ့ကိုလွမ်းလို့ အရူးတစ်ယောက်သာဖြစ်လိုက်ချင်သည်။ မာမီမရှိတော့ဘူး မတွေ့ရတော့ဘူး မမြင်နိုင်တော့ဘူး မထိတွေ့နိုင်တော့ဘူးဆိုတာကို တွေးမိတိုင်းလေဟာနယ်ထဲကိုပြုတ်ကျသွားသလိုခံစားရသည်။ မတွေးဖို့ကြိုးစားသော်လည်းခေါင်းထဲကိုရောက်ရောက်လာသည်။
( ကိုယ်ဒါကိုကိုယ်ချင်းစာတယ် သိလားကိုယ်သိပ်ချစ်တဲ့ ဖေဖေနဲ့ ကိုကို့ ကိုဆုံးရှုံးခဲ့ရတာအရူးလိုပဲ ဖြစ်ခဲ့တာ ထပ်မတွေ့ ရတော့ဘူးတွေးလိုက်မိတယ်ဆိုရူးသွားတာကောင်းမယ် ရင်ထဲမှာနာလွန်းလို့ ကိုယ်ဟာကို ဓားနဲ့ထိုးချင်စိတ်တောင်ပေါက်တယ် )
" တည်တံ့ရယ်...ကျေးဇူးပြုပြီးထမင်းစားရအောင်လေနော်...ငါ့မှာမင်းပဲရှိတာငါဗိုက်ထဲက...မင်းကလေးကလဲ ...ရှိသေးတယ်လေ...အင့်...ငါ့ကိုမသနားဘူးဆိုလဲကလေးလေးရှိသေးတယ်လေ..အင့်..."
နှိုင်း ငို၍ ပြောလာသောစကားတွေကြောင့် တည်တံ့သနားသွားရသည်။ နှိုင်းဗိုက်ထဲက ကလေးငယ်ကို မေ့နေခဲ့တာ တည်တံ့နှိုင်းကိုဖက်ထားလိုက်သည်။ပြန်လည်ဖက်တွယ်လာတဲ့လက်လေးကြောင့် မျက်ရည်တွေက အဆက်မပြတ်ကျလာရသည်။ တည်တံ့ပြိုလဲနေလို့မဖြစ် နှိုင်းနှင့်ကလေးလေးရှိသေးသည်။ မာမီ့သား သားက ကလေးလေးလုပ်လို့မရတော့ဘူး မာမီ့ကိုလွမ်းလို့ရူးတော့မယ် သားဆီကိုပြန်လာပေးလို့ရရင်ပြန်လာပေးပါမာမီရယ် သားရူးလို့မဖြစ်သေးဘူး မာမီ့မြေးလေးနဲ့ နှိုင်းရှိသေးတယ်။