"ဒယ်ဒီ...သားကိုမူကြိုမပို့ပါနဲ့နော်...သားမသွားချင်လို့ပါ..."
"အင်း..."
"ရေ့...တကယ်နော်..."
တည်တံ့ ညကနှိုင်းအမိန့်ကြောင့် စောစောအိပ်လိုက်ရသည်။အပီးမသတ်လိုက်ရသောအလုပ်တွေကိုစစ်နေရတာကြောင့် သားပြောလိုက်တာကိုမကြားလိုက်ရပါ။ သားစိတ်ချမ်းသာအောင် အင်းကို ရမ်း၍တုတ်လိုက်သည်။ တည်တံ့သာ မကြားဘူးပြောကြည့် သားကရစ်မှာပင်ဖြစ်သည်။သားလည်းစိတ်ချမ်းသာ တည်တံ့လည်း အရစ်မခံရတော့ပါ။
စိုင်းမြတ်ယံဉီး စိတ်ထဲတွင်မူကြို
မသွားချင်တာကြောင့် ဒယ်ဒီ့ကိုပူဆာလိုက်တာအောင်မြင်သွားတာကြောင့်ပျော်ရသည်။ ပါးပါးက အတင်းသွားခိုင်းလဲ ဒယ်ဒီ့ကိုကူပြောခိုင်းဖို့လဲ ကြိုတွေးထားသည်။ ယံ ဒယ်ဒီအနားကထ၍ ဖေဖေဇွဲတို့အခန်းဆီကို ပြေးလာလိုက်သည်။ ဖေဖေဇွဲတို့အခန်းရှေ့ရောက်တဲ့
အချ်ိန် လက်သေးသေးလေးဖြင့် တံခါးကိုခေါက်လိုက်၍ အသိပေးလိုက်သည်။"ဖေဖေဇွဲ...သားဝင်ခဲ့ပါတော့မယ်..."
"သား...မူကြိုသွားရမှာလေ"
"ဟင့်အင်းမသွားတော့ဘူး...ဒီနေ့.."
"ဘာလို့လဲ သား...နေမကောင်းလို့လား.."
"မဟုတ်ပါဘူး...သားဒယ်ဒီ့ကိုပြောပြီးပြီ"
"သားပါးပါးကိုရောပြောရဲ့လား..."
ဇွဲသိပါသည် သားက အပျင်းကလေးဖြစ်၏။ တစ်ရက်တစ်ရက် သားကမူကြိုမသွားချင်တာကြောင့် အစ်ကိုနှိုင်းမှာ နေ့တိုင်းဆူနေရသည်။ ဇွဲခေါင်းရမ်းလိုက်ပြီးသားကိုချီလိုက်၏။ လေးနှစ်ကျော်နေသော သားရဲ့ခန္တာကိုယ်အလေးချိန်က တော်ရုံမဟုတ်တော့ပါ။
"သားပါးပါးရောသိလား...
သားမူကြိုမသွားမှာကို...""သိဘူးတဲ့..."
"သားအရိုက်ခံထိလိမ့်မယ်..မူကြိုသွားရမှာကို..."
"သားအဲ့ကိုမသွားချင်ဘူး...."
"ဘာလို့်မသွားချင်တာလဲဆိုတာကပြောပြပါဦး..."
ဇွဲသားကိုချီထားရင်းဖြင့်ကုတင်ပေါ်ကိုထိုင်လိုက်သည်။သားက ဇွဲပေါင်ပေါ်ကိုလှဲလိုက်ပြီး လက်ကလည်း ဂုတ်ကိုသိုင်းဖက်လာ၍ ဇွဲပါးကို နမ်းလာသည်။ နမ်းပြီး ပါးချိုင့်ကလေးပေါ်အောင် ရယ်ပြသည်။