နှိုင်းတစ်ယောက် မီးဖိုခန်းထဲတွင် အလုပ်ရှုပ်နေ၏။ ဒီနေ့ တည်တံ့သူငယ်ချင်းတွေ အလည်လာတဲ့အပြင် နှိုင်းရဲ့ အလုပ်နားရက်လည်း ဖစ်တာကြောင့် သူတို့ စကားပြောရင်း စားရအောင် ပြင်ဆင်ပေးနေတာဖြစ်သည်။
ခုဆို နှိုင်းနဲ့ တည်တံ့ယူထားတာ ၁လကျော်နေပီ ဖြစ်၏ အရာရာ သည်းခံပေးရတယ်။ နှိုင်းထင်တာထက် တည်တံ့က ဆိုးသည်။ နှိုင်းအပေါ်ကိုလဲ တအားနိုင်သည်။ကိုယ့်ထက်အငယ်မို့ အလျော့ပေးထားတာလဲ ပါတာပေါ့ တစ်ခါတစ်ခါ ဆိုလည်း သူအပြင်ကပြန်လာလို့ ဒေါသဖြစ်လာရင်လည်း နှိုင်းကို အပြစ်ပြောတတ်သေးသည်။
တိမ်ယံကတော့ ပြောရှာပါတယ်။သူ့ညီက အနိုင်ကျင့်ရင်ပြောတဲ့ လာရိုက်ပေးမယ်တဲ့ အဲ့လိုသာ ပြန်ပြောကြည့်ပါလား နှိုင်းကို လိုက်ရိုက်နေလို့ ပြေးရမှာသေချာသည်။ ကိုယ့်ထက် အငယ်ကိုယူထားလို့ နှိုင်းက မနိုင်ရပဲ ကြောက်နေရသည်။
နှိုင်းပြင်ဆင်ပီးတော့ အစားအသောက်တွေကို ဗန်းထဲထည့်ပီး သူတို့ထိုင်နေသော နေရာကို လာလိုက်သည်။ခြံထဲက ဘန်ဂလို အသေးလေးထဲတွင်တော့ နှိုင်း သူတို့နား ရောက်တော့ တည်တံ့က ဂစ်တာကို ကိုင်ပီး ကြိုးညှိနေလျှက် သူ့သူငယ်ချင်းနှစ်ယောက်နဲ့ စကားပြောနေသည်။
" စားလိုက်ကြအုံးနော် ..လိုတာရှိရင်ပြော.....အကိုကို့အားမနာနဲ့...အိမ်ထဲမှာရှိတယ် ..."
"အာ ...အက်ိုကလည်း ...ဇွဲတို့နဲ့ထိုင်ပါအုံး...ခုမှစုံရတာကို..."
"ဟုတ်သားဘဲ ...လာထိုင်အကို...ဟျောင့် တည်တံ့ ...ကူပြောအုံး..."
"ထိုင်..."
"အကိုကညနေစာဟင်းကူချက်ပေးမလို့..."
"ထိုင်ဆိုထိုင်လိုက်...."
နှိုင်းကတော့သူတို့လွတ်လွတ်လပ်လပ်စကားပြောရအောင်ရှောင်ပေးမလို့ပါဘဲ ဟိုကလေးနှစ်ယောက်ကထိုင်ပါဦးဆိုတော့ အားနာရသည်။ တည်တံ့ကလည်းထိုင်ဆိုတာကြောင့် ခုံပေါ်ဝင်ထိုင်လိုက်သည်။
" အကို့နာမည်တော့သိပါတယ် ..ဒေါက်တာနှိုင်းမြတ်ဘုန်း...ဟုတ်တယ်မလား...ကျွန်တော်နာမည်က ဇွဲဟိန်းဆက်...ဒီကောင်နာမည်က ခန့်ပိုင်လင်းတဲ့...."