Love you Coffee ဆိုသော Coffee ဆိုင်ထဲသို့ ခြေလှမ်းမှန်ကန်စွာဖြင့် ဝင်ရောက်လာလိုက်သည်။ ဆိုင်ထဲရောက်သည်နှင့် မျက်လုံးဖြင့် ဝေ့ဝိုက်ရှာလိုက်တော့ ထောင့်တစ်နေရာတွင် ဖုန်းသုံးနေသူကိုတွေ့တာကြောင့် လျှောက်သွားလိုက်သည်။ ခုံပေါ်ကို ကားသော့ချ၍ ဝင်ထ်ိုင်လိုက်တော့ ဖုန်းသုံးနေသူမှာ မော့ကြည့်လာသည်။
" စိုင်းတည်တံ့ဉီးတို့...ချောလာလိုက်တာ.."
"မမြှောက်ပါနဲ့...ကိုရှိန်းထက်.."
"အတည်ကွာ...မမြှောက်ဘူး..."
"ရောက်နေတာကြာပြီလား...ကျွန်တော်နောက်ကျသွားတယ်.."
"အေးမကြာသေးပါဘူးကွာ...ကိစ္စမရှိဘူး.."
"အွန်း...."
"မင်းဘာသောက်ဦးမလည်း..."
"ကော်ဖီတစ်ခွက်ပဲ..."
"အေး...ငါသွားမှာလိုက်ဦးမယ်.."
ကိုရှိန်းထက်ထွက်သွားတော့ တည်တံ့ ဖုန်းကိုထုတ်၍ လိုင်းဖွင့်လိုက်သည်။ လိုင်းဖွင့်လိုက်သည့်နှင့် ig ထဲတွင် ဇွဲဆီကဝင်ရောက်ထားသောစာတွေကို ဖတ်လိုက်သည်။ ထိုအချိန်တွင် ဖုန်းဝင်လာတာကြောင့် ကိုင်လိုက်၏။
" ပြော..."
"ခွေးကောင်ပြန်ရောက်တာတောင်ဖုန်းမဆက်ဘူး...စိတ်ပူနေတာကို..."
"မင်းလားစိတ်ပူမှာ..."
"ဘာလုပ်နေတာလဲ ခုက..."
"ကိုရှိန်းထက်နဲ့ တွေ့နေတာ ..."
"ဪ အေးပါ.."
တည်တံ့ ဇွဲနှင့်ဖုန်းပြောနေသောအချိန် ကိုရှိန်းထက်က ကော်ဖီခွက်တွေ ထည့်လာသော ဗန်းကိုကိုင်၍ ပြန်ရောက်လာသည်။ တည်တံ့ကို ကော်ဖီတစ်ခွက်ချပေး၍ သူကိုယ်တိုင်လည်းတစ်ခွက်ယူသည်။ တည်တံ့ကိုလဲ မေးလာသည်။
" ဇွဲလား...."
"ဟုတ်တယ်...."
" ဟျောင့် ...ဇွဲ မင်းတို့ကဘာလို့ပြန်မလာတာလဲ..."
"ပျော်လို့မဝသေးလို့ တစ်နှစ်ထပ်နေဦးမှာ..."
"တည်တံ့တောင်ပြန်လာတာ ..."
"သူကသူ့ယောက်ျားအနားကပ်ချင်တာကို..."
"ဟုတ်မယ်...မင်းတို့ငါတို့လူပျိုတွေအတွက်အားကျစရာကွာ..."