"ဘယ်လိုလဲ...ခန့်ပိုင်နဲ့အခြေနေ..."
"သိပ်အဆင်မပြေပါဘူး..."
"ဘာလို့အဆင်မပြေတာလဲ..."
"သူတအားအူတိုလွန်းတယ်..တည်တံ့ရာ...အခုတောင်ဟိုကိုအလုပ်ကိစ္စနဲ့သွားတာငါ့ကို ဘယ်လောက်တောင်ရစ်ခဲ့တယ်ထင်လဲ.."
"သူကချစ်လို့ပါ..."
"လီးတဲ့..သူ့ကိုပြောထားပြီးသားငါကိုမချုပ်ချယ်ဖို့ကို..."
"မင်းကသူ့ကိုမချစ်လို့လား..."
"ချစ်တာကချစ်တယ်လေ...ဟျောင့်ရ..သူနဲ့ငါဆိုကွာ...လုံးဝမသိတဲ့သူတွေကနေ ဒီအဆင့်ကိုရောက်ခဲ့တာမှမဟုတ်တာ သူငယ်ချင်းတွေကနေ တက်ခဲ့တဲ့အဆင့်ကွာ...သူငယ်ချင်းကဆိုလဲ ..မနေ့တနေ့ကမှ အဆင့်တက်ခဲ့တာမဟုတ်ဘူး..."
"ငါနားလည်ပါတယ်..ခန့်ပိုင်ကချစ်လ်ို့ပါ..."
"မင်းကသူ့ဘက်ကကြီးပဲ..."
"မင်းတို့ နှစ်ကောင်လုံးက...ငါ့အချစ်ဆုံးတွေပဲ...ဘယ်သူ့ဘက်ကမှမပါဘူး..."
"မြင်လား ပြောရင်းဆိုရင်းဖုန်းခေါ်လာပြီ .."
တည်တံ့နဲ့ သူ့အကြောင်းအတင်းပြောနေတုန်း ဖုန်းခေါ်လာတာကြောင့် ဇွဲအမြင်ကပ်ရသည်။ ဖုန်းကိုင်လိုက်တော့ ကြည်လင်နေတတ်သော မျက်နှာက မသာမယာဖြစ်နေသည်။ ချစ်ရသူမျက်နှာက ဒီလိုဖြစ်နေတော့လဲ ဇွဲမှမပျော်နိုင်ပါ။
"ဘာလုပ်နေတာလဲ...."
"တည်တံ့နဲ့ထိုင်နေတာ..."
"တည်တံ့ရောက်နေတာလား..."
"အေး...ဒီမယ်..."
တည်တံ့ရောက်နေတာလားလို့မေးတာကြောင့် တည်တံ့ကိုဖုန်းပေးလိုက်သည်။ သွားတာမှ ၁ လလောက်ရှ်ိသေးတယ် ခန့်ပိုင်လင်း မျက်နှာက ချောင်ကျသွားတာသိသိသာသာပင်ဖြစ်သည်။
"ခန့်ပိုင်အဆင်ပြေရဲ့လား..."
"သိပ်မပြေပါဘူးကွာ...ကြာဦးမယ်ထင်တယ်...ငါတာဝန်ယူထားတဲ့အချိန်ဖြစ်တော့ငါ့ခေါင်းပေါ်ကြီးပဲ..."
" သူတို့ဘက်ကဘာတဲ့လဲ..."
"သူတ်ို့က သူတို့နိုင်ငံလေးကွာ..."