"တကယ်...."
"တကယ်ပါဆို ...နှိုင်းကအားရစရာကြီး..."
"ငါဒါမျိုးကိုလွတ်သွားတယ် အရင်ကထဲက ငါမြင်ချင်တဲ့ပုံစံကို..."
"အေးလေ..အဲ့အချိန်တွေတုန်းက...နှိုင်းမြတ်ဘုန်းတို့က ...မွှန်နေတော့ ..ဘာမှမမြင်ခဲ့တာကို..."
"ဟုတ်ပါ့ အရင်ကအကြောင်းတွေပြန်တွေးတိုင်း ..နှိုင်းကိုရိုက်သတ်ချင်တယ်..."
ခုက နှိုင်းတို့ သစ္စာဆီကိုရောက်နေတာဖြစ်၏ ရောက်ရောက်ချင်း တိမ်ယံက ဆေးရုံမှာဖြစ်ခဲ့တာတွေကို သစ္စာ အားပြောပြနေတာဖြစ်သည်။ သူငယ်ချင်းနှစ်ယောက်ပြောနေတဲ့ ဟာတွေကိုပြန်စဉ်းစားကြည့်လျှင် သူတို့ပြောသလို နှိုင်းအတော် မွှန်ခဲ့သည်။ သို့သော် နှိုင်း၏ သူငယ်ချင်းတွေဖြစ်ပီးသူတို့နှစ်ယောက် နှိုင်းကိုတားသင့်သည်။
" နင်တို့ကရော ...ငါ့ကိုတားလို့လား..."
"ဘာ..ပြန်ပြောစမ်း နှိုင်းမြတ်ဘုန်း..."
"နေမကောင်းတဲ့သူကလဲ
အော်နိုင်တာ ..""ပြန်စဉ်းစားကြည့်ပါဦး..."
"ငါတို့နှစ်ယောက်တားလွန်းလို့နင်နဲ့အကြီးအကျယ်စိတ်ဆိုးကြသေးတယ်လေ..နော်တိမ်ယံရာ .."
"အေးလေ နှိုင်းမြတ်ဘုန်း ပြန်တွေးကြည့်လိုက်...."
"မမှတ်မိဘူး..."
"ဘာ....အ..နေမကောင်းတဲ့သူကရိုက်နိုင်တာ..."
သစ္စာတစ်ယောက် မွှန်တုန်းကသူ့အပြင်နှစ်ယောက်မရှိတဲ့နှိုင်းကို မျက်စောင်းထိုးရတာအကြိမ်ကြိမ်ပင်ဖြစ်သည်။ ကိုယ်တွေဘယ်လိုတားတားမရခဲ့ပါ အဲ့တစ်ကြိမ်ဆို တိမ်ယံရောသစ္စာပါ စိတ်အကြီးအကျယ်ဆိုးခဲ့ရတာမလား။သူအပြစ်လုပ်ပီး ကိုယ်တွေကိုလွှဲချတက်သည့် နှိုင်းမြတ်ဘုန်းကို သိပ်စိတ်မရှည်ချင်ဖြစ်ရသည်။ ထို့ကြောင့် သူ့အပြစ်ကိုပြန်တွေးဖို့ပြောလိုက်မိတော့ မမှတ်မိဘူးဆိုတဲ့နှိုင်းကို ခေါင်းရိုက်လိုက်သည်။
"နင်မှတ်မိအောင်လေ..."
" ငါ့အတွက်အတိတ်တွေက နာကျင်စရာတွေပြည့်နေတာကို..."