နှိုင်းမနက်အစောကြီး အိမ်ရှေ့အထိ လာခေါ်သော မေမေကြောင့် နှိုင်းနှင့်လက်ထပ်ရမည့်သူ၏ အိမ်ကိုလိုက်လာခဲ့ရသည်။အိမ်ဝန်းထဲကိုဝင်လိုက်တာနဲ့ အပင်များစွာကို စိုက်ပျိုးထားသည် ကိုမြင်ရသည်။ အိမ်ကတော်တော်ကျယ်တယ် ပြောရမည် ကားပေါ်ကဆင်းလိုက်သည်နှင့်တစ်ပြိုင်နက် နှိုင်းမော့ကြည့်လိုက်မိသည် ။ အိမ်ကတော်တော်ကိုကြီး၏။ မေမေနှင့်စကားရပ်ပြောနေသော အမျိူးသမီးကိုတွေ့တာကြောင့် အံ့သြသွားရသည်။
" တီတီ ကဒီကိုဘယ်လိုရောက်နေတာ..."
"နှိုင်းလေ လက်ထပ်ရမှာ...တီတီသားလေ..."
"ဟင် ...အဲ့ဆိုတိမ်ယံ ရဲ့ညီပေါ့...."
"ဟုတ်ပါ အထဲမှာရောက်နေကြပြီအကုန်လုံးက...."
နှိုင်း တီတီကိုသာမြင်ဖူးပါသည်။ တီတီသားကိုတော့ တစ်ခါမှမမြင်ဘူးပါ နာမည်တော့သိ၏ စိုင်းတည်တံ့ဉီးတဲ့ နိုင်ငံခြားမှာ ကျောင်းတက်နေသည်ဟုသိထားရသည် ။တီတီနဲ့ကလည်း စနေနေ့တိုင် ညစားဆုံစားရင် တစ်ခါတစ်ရံ ဖေဖေထူးက ဖုန်းဆက်ခေါ်တာကြောင့် ရင်နှီးခဲ့ရတာဖြစ်သည်။ တီတီက လုပ်ငန်းတွေကိုတစ်ယောက်ထဲ ဉီးစီးနေရတော့ မအားလပ်တော့ ဆုံတွေ့ရတာတော့ရှားပါသည် ။
နှိုင်းတို့ အထဲကိုဝင်လာတော့ သစ္စာတို့မိသားစုရောပါ ရောက်နေကြတာဖြစ်သည်။ နှိုင်း တိမ်ယံနှင့် သစ္စာကို မျက်စောင်းထိုးလိုက်သည်။ ညကနှိုင်းပြောပြတော့ မသိချင်ယောင်ဆောင်ပြီ အံ့သြပြနေကြတာသူတို့မဟုတ်သည့်အတိုင်း နှိုင်းမျက်စောင်းထိုးတာမြင်လို့ထင်၏ စပ်ဖြီးဖြီးနဲ့ရယ်ပြ၍ နှိုင်းလက်ကိုလာတွဲကြသည်။
" လာလာ ....အိမ်ထောင်ပြုမည့် သတိုးသားလောင်းလေ..."
" နင်တို့သိနေတာမလား..."
" အင်း ဟိုတစ်နေ့ကတည်းကလေ ...အစပိုင်းက ငါတို့လည်းမသိဘူး တီတီတောင်မသိဘူး မင်းဆိုတာကိုဓာတ်ပုံပြမှသိတာတဲ့ အဲ့တာနဲ့ဖေဖေဆီကိုဖုန်းဆက်ပြီးပြောလာတာလေ မင်းမေမေနဲ့ တီတီနဲ့က ငယ်သူငယ်ချင်းတွေတဲ့ အဆက်သွယ်ပြန်ရတော့ ခုလိုဖြစ်သွားတာတဲ့ အကြောင်းစုံတော့ငါလည်းသေချာမသိဘူး..."