ကြမ်းတမ်းစွာရွာနေတဲ့ မိုးကြောင့် နှိုင်းတို့ ကားတွေ ရှေ့ဆက်မတိုးဘဲ ရပ်နားထားရသည်။ မနက်၄နာရီလောက်က ကားစထွက်ခဲ့ကြတာဖြစ်၍ ခုဆို ၉နာရီရှိပီဖြစ်သည် ။
"နှိုင်း....မင်းကိုတည်တံ့က မလိုက်ခိုင်းဘူးမလား..."
"အင်း...ဘယ်လိုသိတာလဲ..."
" တည်တံ့ပေါ့ ..ဖေဖေ့ဆီဖုန်းဆက်ပြောတာ သူယောက်ျားကို မလွှတ်နဲ့တဲ့..."
"ဟင်ဟုတ်လား...ငါမသိဘူး .."
"တည်တံ့ကဘာလို့မလိုက်ခိုင်းတာလဲ..."
"ဟိုနေ့က ...တိမ်ယံဖုန်းဆက်တော့ ..ပြသာနာတက်နေတာလေ ...ခရီးထွက်ရမဲ့ကိစ္စပါသူကသိသွားတာ...ပြသာနာဖြစ်တဲ့အချိန်
သိတာဆိုတော့ မလိုက်ရဘူးပြောတာ ..""ခုကျ ...ဘယ်လိုလိုက်ရတာ..."
." မနေ့ညကလည်းလိုက်မသွားရဘူးပြောတာပဲ...ငါလည်းအဲ့တုန်းကတော့ မလိုက်တော့ဘူး လူအစားထိုးလိုက်တယ်ဆိုပြီး လိမ်ထားတာ ..ခုမနက်ကြခိုးလိုက်လာတာ...ငါသွားပြီးမှ ...သိတော့ သူမတားနိုင်ဘူးလေ..."
"ငါ့ညီအကြောင်းမင်းသိသားနဲ့ သူကိုမလှိမ့်တပတ်လုပ်ပြီးလိုက်လာ တာ....ခုချိန်ဆိုသိပြီးဒေါသထွက်နေလောက်ပြီး.."
"နေဦးတိမ်ယံ ဖုန်းဆက်တော့
ပြသာနာဖြစ်နေတာဆိုတော့ ....
ဘာဖြစ်ကြတာလဲ...""ဪ...သူက နောက်တစ်ပတ်ကျ...ကျောင်းပြန်တက်ဖို့ဟိုကိုပြန်သွားမို့တဲ့.."
"အင်း..."
"ငါကိုလိုက်ခဲ့ရမှာတဲ့ကွာ ..ငါကဘယ်လိုလိုက်ရမှာလည်း...ဆရာဝန်တစ်ယောက်ပါဆို ...လူနာတွေဆေးမကုဘဲ ..သူနောက်ဘယ်လိုလိုက်မလည်း..."
"အေးလေ...တည်တံ့က အဲ့တာတော့မမိုက်ပါဘူး..."
"ဒါမဲ့...နောက်ကြ သူက ခရီးထွက်မဲ့ကိစ္စသိသွားတော့ ...သူမသွားခင်ကငါကခရီးထွက်ရမှာလေ ...အဲ့ကြောင့်မလိုက်နဲ့တဲ့ပြောတယ် ..."
"အဲ့တာလည်းဟုတ်တာဘဲ ..
မင်းနေခဲ့ရမှာ...""နင်တို့သွားရင်...ငါမလိုက်တာရှိလို့လား...ပြီးတော့ဒါက ငါတို့အလုပ်လေ..ဆေးရုံဆေးခန်းမရှိတဲ့ ရွာလေးတွေကို လိုက်ကုပေးရမှာငါတို့တာဝန်လေ..."