" ပါးပါး "
"အင်း ဆိုစမ်းပါအုံး "
"သား ဒယ်ဒီကို လွမ်း "
"သား ဒယ်ဒီက တစ်ရက် နှစ်ရက်နေ လိုက်လာမှာပါ ဖုန်းပြောမလား ဒယ်ဒီနဲ့ "
ငြိုးငယ်နေသော မျက်နှာဖြင့် သူ ဒယ်ဒီကိုလွမ်းကြောင်း ပြောနေသော သားမျက်နှာဟာ နှိုင်း တွက် စိတ်မချမ်းမြေ့စရာပင် ဖြစ်၏။ နှိုင်း တို့ အရင်သွားနှင့် မောင် ၃ ရက် ၄ရက် ဆိုလိုက်လာခဲ့မယ်ဟုသော မောင် စကားကိုပြန်ကြားယောင်လာမိပါသည်။
" ဟင့်အင်း "
ဖုန်းပြောမလားဟု မေးသောလည်း ခေါင်းရမ်း၍ မှီတွယ်လာသောသားကို နှစ်သိပ့်သောအနေဖြင့် ဖတ်တွယ်ပြီး ကျောလေးပွတ်ပေးလိုက်သည်။ ထိုအခါ မော့ကြည့်၍ ပြုံးပြလာတာကြောင့် တစ်ချို့ ပိုးစားနေသော သွား သေးသေးလေးတွေက ရယ်ချင်စရာပင်ဖြစ်၏ ။
" သား "
" ဗျ "
" ဒယ်ဒီကိုလွမ်းနေတာ မေ့သွားအောင် ကိုကိုတို့နဲ့ သွားဆော့ပ့ါလား "
" ဆော့နေတုန်း ဒယ်ဒီကိုပိုလွမ်းလာတယ်ဆို သား ကထိုင်ငိုမိမယ်ထင်တယ် ပါးပါး"
"သားဆော့နေရင် ဒယ်ဒီကိုသတိရတာ နည်းနည်းသက်သာ သွားလိမ့်မယ် ပါးပါးကိုယုံ "
"ဟုတ်.. သား .. ကိုကို တို့နဲ့သွားဆော့လိုက်မယ် ခုချက်ချင်း "
"အွန်း "
ပြေးထွက်သွားသော သားကိုကြည့်၍ နှိုင်းမှာ
ပြုံးမိသည်။ သူ့ ဒယ်ဒီကိုလွမ်းတယ်ပြောတိုင်း ညိုသွယ် တူလေးဖြစ်သူ ကိုဘုန်းလေးနှင့် သွားဆော့ခိုင်းလိုက်လျှင် သူ့ဒယ်ဒီမပြောနှင့် ထမင်းမေ့ ဟင်းမေ့ပင်ဖြစ်သည်။ ဆော့နေရလျှင် စိတ်ချမ်းသာတဲ့ပုံပေါ် ။ခုဆို နှိုင်း တို့က ညိုသွယ် တို့ ဉမ္မာတို့ရွာကို ရောက်နေကြတာပင် ။ ဗိုက်ထဲက ကျားပေါက် ကလေးတစ်ကောင်ထပ် ရှိနေတာကြောင့် အပြင်လောက ကိုထွက်မလာခင် အလည်လာရတာဖြစ်၏။
မင်းမင်း ကတော့ မောင်တို့နဲ့မှ လိုက်ခဲ့မှာပင် ။ မောင် နဲ့ တိမ်ယံ ညီကိုနှစ်ယောက်ကလွဲရင် ကျန်တဲ့သူတွေအကုန် ဒီရွာကိုရောက်နေကြပြီးဖြစ်၏ ။ ဉမ္မာနှင့် ညိုသွယ်ကတော့ သူတို့မွေးရပ်မြေကို ရောက်တာနှင့် တစ်အိမ်ဝင် တစ်အိမ်ထွက် ပတ်လည်နေတာဖြစ်သည်။