" Boss နေလည်ကျ car show room တိုးချဲ့ဖို့မြေနေရာ ကိစ္စ စကားပြောဖို့ ချိန်းထားပါတယ် ၊ အဲ့ဒါပြီးတာနဲ့ Uk ဘက်ကလာတဲ့ လူတွေနဲ့တွေ့ရမယ်၊ အဲ့ကအပြန် အရောင်းဘက်ကလူတွေနဲ့ အရေးကြီးအစည်းအဝေးရှိတယ် အဲ့တာပြီးရင်တော့ အိမ်ပြန်လို့ရပါပြီး "
"အင်း အစည်းအဝေးကို ခဏနေလုပ်မယ် အချိန်ပြောင်းလိုက် ၊ခုငါကိုအရင်နှစ်က မာမီစိန်တိုက်က အရောင်းတွေတစ်ချက်ပြန်ရှာပေး "
"ကျွန်တော်ခုသွားရှာလိုက်မယ် "
တည်တံ့ လက်ထောက်ပြောနေတာတွေကို နားထောင်းလျပ်ဖြင့် အလုပ်လုပ်နေရသည်။ ဒီနေ့ သားငယ် ကိုစောစောပြန်ခဲ့မည်ဟု ကတိပေးထားတာကြောင့်ပင်။ သားငယ်က ခုမှ 1 နှစ်ကျော်ရှိသေးပေးမဲ့ အရမ်းနားလည်းနေပြီးမို့ စိတ်ကောက်မှာစိုးရိမ်းရသည်။
နှိုင်းကလည်းဆေးရုံးမှာ ပြန်လုပ်ချင်တယ် ပြန်လုပ်နေတာ မကြာသေး၊ ကလေးကိုတော့ ဉမ္မာတို့က အပြည့်အဝထိန်းပေးနေရှာ၏။ ညိုသွယ်နဲ့ဉမ္မာက အပျိုကြီးတွေပဲဖြစ်တာကြောင့် သားနှစ်ယောက်လုံးကို အရမ်းချစ်ပြီး ဂရုစိုက်နေတာကိုမြင်တွေနေရတာကြောင့် စိတ်ချရသည်။
အသက်အရွယ်ရလားလို့လားမသိ နှိုင်းကိုအရင်က ချုပ်ချယ်ခဲ့သမျှ ခုချိန်မှာတော့ အရင်ကနဲ့မတူစွာ နှိုင်းအိပ်မက်တွေကို နောက်ကထောက်ပံပေးချင်တာကြောင့် ဆေးရုံးမှာပြန်လုပ်ဖို့ ကိုယ်တိုင်ပြောခဲ့တာပင်။
ကလေးတွေနဲ့ ကိုယ်ကြောင့် နှိုင်းဘဝကို ဒီတိုင်းမရပ်တန့်စေချင်ပါ။ တည်တံ့ကိုယ်တိုင်လည်း သားနှစ်ယောက်အတွက် အလုပ်တွေပိုကြိုးစားနေသည်။ နှ်ိုင်းကို မပင်းပန်းစေချင်တာကြောင့်ကလေးထပ်မယူဖို့ သားငယ်ကိုမမွေးခင်ကတဲ့ကဆုံးဖြတ်ပြီး တားဆီးလိုက်ကြပြီးပင်။
သေချာတွေးကြည့်ပါက အမျိုးသားဖြစ်သူအပေါ် တည်တံ့အရမ်းဆိုးခဲ့တာပင်။ ဆိုးနေတာသိသောလည်း ဗီဇအရ ဆိုးနေတာကိုမဖျောက်ဖျက်နိုင်သေးတာကိုလည်း အားမရဖြစ်ရ၏။အတွေးတွေထဲ နစ်မျောနေတဲ့ချိန် ဖုန်းဝင်လာတာကြောင့် တစ်ချက်ပြုံးလိုက်ပြီး