"တောင်းပန်ပါတယ် ..မာမီ...သားပြန်လိုက်မှာမဟုတ်ပါဘူး...ပြန်ကြပါလို့ကျွန်တော်ကတောင်းဆိုပါတယ်....စိုင်းတည်တံ့ဉီး မပါဘူးဆို ...အချိန်မရွေး အိမ်ကို ဝင်ထွက်လို့ရပါတယ်...သူပါတယ်ဆို ကျွန်တော်မကြိုဆိုချင်ဘူး..."
"နှိုင်း..."
"သား..မင်းငြိမ်ငြိမ်နေစမ်း..."
မနေ့ညကအကောင်းကြီးကနေ ဘယ်လိုစကားများကြတယ် မြတ် မသိပါ။ သားနှိုင်းက အောက်ကိုဆင်းလာ၍ ထွက်သွားဖို့လုပ်တာကြောင့် တားရသည်။ မျက်လုံးတွေကလည်း ငိုထားတယ်ဆိုတာ သိသိသာသာပင်ဖြစ်သည်။
" သားနှိုင်း..ဘယ်လဲ မိုးချုပ်နေပြီ..."
"ကျွန်တော်..အိမ်ကိုပြန်မလို့ပါ..."
"ဘယ်အိမ်လဲ သား.."
"ကျွန်တော်ပိုင်တဲ့အိမ်ကိုပါ ....မာမီကျွန်တော့်ကိုချစ်တယ်ဆို မတားပါနဲ့...သွားခွင့်ပြုပါ....ထပ်ပြီးတော့သည်းမခံနိုင်တော့ဘူး မာမီရယ်..မာမီ့သားငယ်က ဒီတစ်ခါ လွန်တယ်.."
"ဘာဖြစ်တာလဲ သားရယ်..မာမီသွားဆူပေးပါ့မယ်..ခုကလဲ မိုးချုပ်နေပြီ..."
"မိုးချုပ်လဲ သွားပါရစေ
မာမီ...ကျွန်တော်..""အေးပါသားရယ်..မင်းမင်းကိုတော့လိုက်ပို့ခိုင်းခွင့်ပြုပါ.."
"ဟုတ်ကဲ့..."
ဒီလိုနဲ့ သားနှိုင်းကို မင်းမင်းနှင့်လိုက်ပို့ခိုင်းရသည်။ အပြန်ကျလည်း မင်းမင်းတစ်ယောက်ထဲဖြစ်မှာဆိုးတာကြောင့် ညိုသွယ့်ကို
ထည့်လိုက်ရသည်။ မနက်ကျတော့ စိုင်းတည်တံ့ဉီးတို့က စောစောစီးစီး နှိုင်းကိုပြန်လိုက်ခေါ်ပေးပါဆိုတာကြောင့် အစ်ကိုဖြစ်သူကို ခေါ်၍ နှိုင်းလေးအိမ်ကိုရောက်လာရသည်။ အခုတော့ သားနှိုင်းက ပြတ်ပြတ်သားသားဖြစ်နေသည်။"သားနှိုင်းရယ်...စိတ်ကိုအေးဆေး ထားပြီး ...စဉ်းစားပါဦး ဖေဖေတို့လူကြီးတွေဝင်ပါစရာတောင်မလိုဘူး ..မင်းတို့နှစ်ယောက်စလုံးအသက်အရွယ်ရပြီးသားသူတွေကြီးပဲလေ . ...သားယောက်ျားအကြောင်းလည်း သားအသိဆုံးပါ..ဖေဖေကတော့ဒီလောက်ပဲ
ပြောမယ်..."(တိမ်ယံဖေဖေ)