"ဆေးရုံသွားရအောင်...တည်တံ့..."
"တော်ပြီ .."
"ခေါင်းမမာစမ်းနဲ့ကွာ.."
"ငါဘာမှမဖြစ်ဘူးလို့..."
"မင်းကိုယ်တွေဒီလောက်ပူကျစ်နေတာကို..."
မနေ့က မိုးရွာကြီးထဲ ဇွဲ club ကို အက်ျီရေစိုကြီးနဲ့ရောက်ချလာသည်။ဘာမေးမေးမဖြေပဲ သောက်သာနေသည်။ မနေ့ကမိုးမိတာကြောင့် သူတောင်းစားကဒီနေ့ကိုယ်တွေ အရမ်းပူနေလို့ ဆေးရုံသွားပြရအောင်ဆိုတာကို ငြင်းသာနေ၏။ ကြာတော့ ဇွဲ စိတ်မရှည်ဖြစ်ရသည်။
" ငါဘာမှမဖြစ်ဘူး..အိပ်လိုက်ရင်သက်သာမှာ..."
"မင်းကိုယ်ကတအားပူနေတာကွ..."
"သေတော့မသေပါဘူး..."
"ကန့်လန်မတိုက်ပါနဲ့ ..တည်တံ့ရာ.."
" မသွားချင်ဘူး..."
"မင်းတအားခေါင်းမာတယ်....စိုင်းတည်တံ့ဉီး....ဟျောင့်...ဟာကွာ...တောက်စ့်အဲ့ကြောင့်သွားမယ်ပြောတာကို...ငြင်းချင်ဦး..."
ဇွဲကို ဆေးရုံမသွားချင်ဘူးဟု ငြင်းနေသူမှာ စကားပြောနေတုန်း သတိလစ်သွားသည်။ ဇွဲမှာ စိတ်လည်းပူရ စိတ်လည်းတိုရသည်။ ဒီကောင်ဟာ တအားခေါင်းမာ၏။ ဆေးရုံသွားဖို့ တစ်နာရီလောက်ရှိပြီပြောနေရတာ အခုတော့မသွားလို့မရ ဇွဲကိုယ်တိုင်က ဘာမှမလုပ်တတ်ပါ။ သူခန္တာကိုယ်ကြီးကို မနိုင်တာကြောင့် ဆိုင်ကလူတစ်ယောက်ကိုခေါ်၍ ကားပေါ်ကို ပွေ့ တင်ရသည် ။
" စိုင်းတည်တံ့ဉီးမင်းဟာလေ...ပစ်ထားရမှာ...တစ်ခုခုသာဖြစ်သွားလို့ကတော့ ...မင်းနာဖို့ပြင်ထား..."
ဇွဲမှာ စိတ်ပူပူဖြင့် ကားကိုမြန်မြန်မောင်းနေရသည်။ မနက်အစောကြီးဖြစ်တာကြောင့် ကားလမ်းက ပိတ်နေတာကြောင့် ဟွန်းကို ကြမ်းတမ်းစွာ ထုလိုက်သည်။ တစ်ခုခုဆို ဇွဲက စိတ်ရှည်တတ်ပါသည်။ အခုတော့ ဇွဲစိတ်မရှည်နိုင်ပါ နောက်ခန်းထဲက ဆိုင်ကကလေးလက်ပေါ်မှာ ကိုယ်ပူလွန်ပြီး သတိမေ့နေသော သူငယ်ချင်းဖြစ်သူကြောင့်ပင်ဖြစ်သည်။
" တောက်စ့်...."
ဇွဲကားထွက်ရသည်နှင့် ကြမ်းတမ်းစွာ မောင်းတော့သည်။ တိမ်ဆေးရုံကြီးရှေ့ကိုရောက်မှ အနည်းငယ်သက်ပြင်းချနိုင်၏။ ကားပေါ်ကမြန်မြန်ဆင်း၍ တည်တံ့ကို ကျောပိုးခေါ်ရသည်။ ထိုအချိန်တွင် ကားပေါ်က ဆင်းလာသော အမသစ္စာကိုမြင်တာကြောင့် ဝမ်းသာသွားရသည်။ ဇွဲလည်းတုံ့ဆိုင်းမနေပဲအော်ခေါ်လိုက်သည်။