" စိုင်းမြတ်ယံဉီး .."(နာမည်လှရဲ့လား )
" ဝူး...ဝူး..."
"ပါးပါးခေါ်တာကြားလား..."
"ဟုတ်...."
"လာခဲ့တော့....အိပ်ရအောင်..."
"ဒယ်..ဒီ..လာမှ..."
သားက နှိုင်းခေါ်နေတာကို ဂရုမစိုက်ပဲ တဝူးဝူးလုပ်၍ ပတ်ပြေးနေတာဖြစ်သည်။ သူဒယ်ဒီလာမှ လို့ပြန်ပြောမှာသိနေတဲ့ နှိုင်းလည်း အမြင်ကပ်လာရသည် ။ သူ့ဒယ်ဒီက အလုပ်လုပ်နေတာကိုသိရဲ့နဲ့ ။
" ဒယ်ဒီလာမှလဲ မရဘူး...ခုလာခဲ့...အိပ်ရအောင်...သားဒယ်ဒီက...အလုပ်လုပ်နေတာ..."
"စောင့်...."
"မစောင့်ရဘူး....အိပ်ရအောင်...
ဒယ်ဒီကနောက်ကျမှာ...."သူ့ဒယ်ဒီနဲ့အတူအိပ်ချင်နေတဲ့သားအနားကို လျှောက်သွားလိုက်သည်။ အနားရောက်တော့ ပွေ့ချီလိုက်၏။ လည်ပင်းကိုဖက်တွယ်လာတဲ့
လက်သေးသေးလေးတွေက အူယားစရာလေးပင်ဖြစ်သည်။ နှိုင်းသားက ငယ်သေးသော်လည်းအလည်လေးဖြစ်သည်။စကားကလည်းတတ်သေးသည်။သားကိုကုတင်ပေါ်ချပေးပြီး နှိုင်းပါ ဘေးကဝင်လှဲလိုက်သည်။ နှိုင်းဝင်လှဲလိုက်တာနဲ့ သားက အက်ျီကိုလှန်လာတာကြောင့် ဆွဲတင်ပေးရသည်။ နှိုင်းကနို့ဖြတ်ချင်သော်လည်း သူ့ဒယ်ဒီက မဖြတ်ပါနဲ့ဦးဆိုလို့ ခုထိ နို့တိုက်နေရသေးသည်။
" သားအကြာကြီးမရဘူးနော်..."
"အွန့်...ပါးပါး..."
နို့ကိုငုံထား၍ ခေါင်းလေးညိတ်ပီး တုန့်ပြန်လာတဲ့သားကြောင့် နှိုင်းမှာပြုံးမိသည်။ သားက တပြွတ်ပြွတ်နဲ့စုတ်နေတဲ့ အချိန် ရုတ်တရက်ကြီး နို့ကို ကိုက်လိုက်တာကြောင့်နာကျင်သွားရသည်။ နာကျင်သွားတာကြောင့် မျက်ရည်ပါဝဲလာရသည်။
"အ...စိုင်းမြတ်ယံဉီး...."
" အင့်...ပါးပါး..."
"ပါးပါးမလုပ်နဲ့...မင်းတော်တော်ဆိုးနေတာလား..."
"ဒယ်..ဒီ...အင့်..."
"မင်းဒယ်ဒီဆီပြေးမယ်မကြံနဲ့နော်...ငါ့ကိုစိတ်တိုအောင်လာစပြီးတော့..."