" ကျွန်တော်ပြောတာ...ဘယ်လိုသဘောရလဲ..."
"အင်း..မင်းပြောတာကောင်းတယ်...ငါသဘောကျတယ်..."
"အွန်း...သွားမယ်မလားဒါဆို..."
" သွားမယ်...ခုတော့မဟုတ်သေးဘူး...ခဏနေဦး...မင်းအင်္ကျီလေးတွေ လျှော်ဦးမယ်..."
"နောက်မှလုပ်လေ..."
"အကြွေးမထားချင်ဘူး...ကိုယ့်အလုပ်တွေကို ပြီးအောင်လုပ်ချင်တယ်...နေ့ရွှေ့ ညရွှေ့နဲ့ မလုပ်ဖြစ်ပဲနေမယ်..."
" နှိုင်းကလဲ..."
"မနှိုင်းနဲ့ခဏစောင့်နော်..."
"သဘောသဘော...မြန်မြန်တော့လုပ်..."
"အွန်း.."
နှိုင်းလဲ ရေချိုးခန်းထဲကို ဝင်လာလိုက်ပြီး ဘောင်းဘီတွေကို ရေစိမ်ထားလိုက်သည်။ ကိုယ်တော်ချောက စက်နဲ့လျှော်တာမကြိုက် လက်နဲ့လျှော်မှသာကြိုက်သည်။ဉမ္မာနဲ့ညိုသွယ်ကိုလည်း မခိုင်းတာကြောင့် နှိုင်းပဲလုပ်ပေးရသည်။ အင်္ကျီတွေကို လက်ဖြင့်သေချာ ပွတ်တိုက်၍ ပြောင်အောင်လျှော်လိုက်၏။ ဘောင်းဘီတွေလဲသေချာပြောင်စင်အောင်လျှော် လိုက်သည်။
တည်တံ့ရေချိုးခန်းထဲဝင်သွားတဲ့သူကို ကြည့်ပြီး ကုတင်ပေါ်ထိုင်နေလိုက်သည်။ တည်တံ့ရော သူပါ နားရက်ဖြစ်တာကြောင့် အပြင်မှာ date ဖို့ခေါ်တာကို အဝတ်အရင်လျှော်တဲ့သူ roလို့ကိုမရဘုး နှိုင်းမြတ်ဘုန်းတို့က ရိုက်သာသတ်လိုက်ချင်ပါသည်။ ရိုက်လို့ကမဖြစ်သေးဘူး ပြန်အဆင်ပြေထားတာ တစ်ပတ်သာ ရှ်ိသေးသည်။ တည်တံ့အလိုဆို စိတ်တိုနေဦးမှာဖြစ်၏။ ဆေးရုံတက်တဲ့နေ့က ကိုကိုတိမ်ယံ့စကားကြောင့် ကျေအေးလိုက်တာဖြစ်သည်။
တည်တံ့ဆေးရုံတက်သောနေ့က နှိုင်းအိပ်ပျော်နေတုန်း မမသစ္စာနဲ့ ကိုကိုတ်ိမ်ယံက တည်တံ့ကိုသက်သာလားဆိုပြီး လာကြည့်ကြသည်။ အိပ်ပျော်နေတဲ့ နှိုင်းကိုတွေ့တော့ စနေကြသေးသည်။
" နှိုင်းမြတ်ဘုန်းတို့က...လူနာစောင့်သာပြောတာအိပ်ပျော်နေတယ်တဲ့..."
"ထားလိုက်ပါ..."
"အမယ်လေးအဖြစ်သည်းနေလိုက်ကြတာ..."