"ပြုံးပြုံးလေးနေပါ...သတို့သမီးလေးကလဲ..."
"ဘယ်လိုလုပ်ပြုံးနိုင်မှာလဲ ...."
နုတ်ခမ်းဆူ၍ ပြောနေတဲ့သစ္စာကြောင့်နှိုင်းမှာပြုံးမိသည်။
ဘယ်နှယ့်သတို့သမီးကနှုတ်ခမ်းကြီးဆူနေရတယ်လို့ သူစိတ်ဆိုးလည်းဆိုးချင်စရာပင် တိမ်ယံလုပ်တာကလည်းမဟုတ်ပါ။" ဘာပဲဖြစ်ဖြစ်နားလည်လိုက်ပေါ့သူလဲ ယောက်ျားလေးပဲ..."
"တော်ပါဟာ...မူးအောင်သောက်ပြီးတခြားကောင်မလေးကိုမှားဖက်ရတယ်လို့..."
" ငါတည်တံ့ကိုဆူလိုက်မယ်
သူကြောင့်ဖြစ်တာ...ဇွဲရောခန့်ပိုင်ကိုပါဆူရမယ်....""သူတို့နဲ့မဆိုင်ဘူး အဲ့ကောင်ကိုကလုပ်ချင်လို့ လုပ်တာ
..""ဟိုဟာတွေကမြှောက်ပေးတာကို..."
"စိတ်ပါမှလုပ်ရမှာပါဟာ...ကလေးတွေမြှောက်ပေးတိုင်းလုပ်ရအောင်သူကပညာမတတ်တဲ့သူလဲ
မဟုတ်ဘူး...အသက်လည်းကြီး အကုန်လဲနားလည်တဲ့အရွယ်...""နင်ဟာလေမပြောလိုက်ချင်ဘူးပြုံးပါ...ပြီးကြရင်ခန်းမထဲဝင်ရတော့မှာ..."
"တော်ပြီ မဆောင်တော့ဘူး...."
"သစ္စာရယ် ..."
ဒီကလေးမ ဂျစ်တိုက်နေတာဖြစ်သည်။တိမ်ယံကလဲ တိမ်ယံအငယ်တွေမြှောက်ပေးတိုင်းသောက်စရာလား ငါလဲ
ဒီနှစ်ကောင်ကြောင့်စိတ်ညစ်ပါသည်။ တည်တံ့လည်း တွေ့မယ်မြှောက်မြှောက်ပေးတာ ဆူမယ်လို့သာ တွေးရတာ အများကြီးလဲ
မဆူရက် မာမီကိုလွမ်းနေရှာတဲ့ကောင်လေးက နှိုင်းကြောင့်နဲ့ အဆင်ပြေချင်ယောင်ဆောင်နေတာသိပါသည်။ခုဆိုမာမီဆုံးသွားတာ ၃ လကျော်နေပြီဖြစ်သည်။ နှိုင်းသတိမေ့သွားတဲ့နေ့ကစပြီး အစားကိုပုံမှန်စား၍ မာမီလုပ်ငန်းတွေကိုလည်း သူငယ်ချင်းနှစ်ယောက်နဲ့ပေါင်းပြီး တိုးချဲ့လုပ်ကိုင်သည်။ ဗိုက်ထဲကကလေးအတွက်ဆိုပြီး ဝယ်ပေးထားတာတွေကလဲ များလှသည်။
" နှိုင်း ...ငါရင်တွေခုန်လာပြီ..ဘာလို့လဲ မသိဘူး..."
"မဂ်လာဆောင်ရတာမို့လေ..."