တိမ်တွေ ကင်းစင်၍ အုပ်မှိုင်းနေသော ရာသီဉတုသည် နှိုင်းဘက်မှာရှိမနေခဲ့ပါ။ မှန်တွေကို အသုံးပြု၍ ကာရံထားသော နေရာကနေ တဖြောက်ဖြောက်ကျဆင်းနေသော မိုးစက်ပေါက်လေးတွေကို
ငေးကြည့်နေမိသည်။ မိုးတွေ ပို၍ သည်းလာသည်နှင့်အမျှ ရင်ထဲမှာခံစားရသော ဝေဒနာဟာ ပို၍ ပြင်းထန်လာရသည်။မိုးတွေကတစ်ဆင့် လေကြမ်းတွေပါ တိုက်ခတ်လာသည်။ နှိုင်း၏ ရင်ထဲတွင်လည်း ဝေခွဲမရသော ခံစားချက်များကို ဘယ်လိုအဖြေရှာနေမိသည်။ ထို video ကိုမြင်ပြီးသည်မှာ သုံးရက်မြောက် ရှိပြီးဖြစ်၏။ တိတ်ဆိတ်စွာ ခံစား၍ ရှေ့ဆက် ဖြစ်လာမည့် အနာဂတ်တွေကိုတွေးပူနေရသည်။
စိတ်ထဲမှာ မွန်းကြပ်စွာဖြင့် ခုံပေါ်ထိုင်ချ၍ နှိုင်းငိုမိတော့သည်။ သည်းထန်စွာ ရွာသွန်းနေသော
မိုးနှင့်အပြိုင် နှိုင်းငိုနေရသည်။ ဆရာဝန်တစ်ယောက်ဖြစ်၍ ကလေးတစ်ယောက်လို
ငိုယိုနေသည်ကို တခြားသူမြင်လျှင် ရယ်စရာဖြစ်မည်။ဒီအိမ်မှာ ဆက်နေလျှင် ပို၍ မစွန့်လွှတ်နိုင် ဖြစ်နေမှာဆိုးသည် ။ ထိုကြောင့် နှိုင်း ဆုံးဖြတ်ချက်ချ၍ အိမ်အောက်ထဲကို ဆင်းလာပြီး
မာမီ အခန်းရှေ့ကိုရောက်ရှိလာသည်။ တုန်ရီနေသောလက်ဖြင့် တံခါးပေါက်ကို ဉီးတည်၍ ခေါက်လိုက်သည်။မြတ် တစ်ယောက် မိုးအေးအေးဖြင့် အိပ်ရန်ဆုံးဖြတ်လိုက်သည်။ အိပ်ပျော်ဖို့ မှေးနေသည့်အချိန် တံခါးခေါက်သံကြားတာကြောင့် ထ၍
ဖွင့်ပေးလိုက်သည်။" ဪ သားပဲ..."
"ဟုတ်ကဲ့မာမီ..."
"ပြောစရာရှိလို့လား..."
"ဟုတ်ကဲ့မာမီ..."
နှိုင်း မာမီကိုပြောဖို့ မျက်နှာလည်းပူ၍ အားလဲအားနာရသည်။ အစောပိုင်းထဲက ကိုယ့်ဘာသာခံစားနေလိုက်လျှင် ကောင်းသည်။ မာမီဆီကို ထွက်လာတာကို နှိုင်းနောင်တရနေမိသည်။ နှိုင်းကိုသားအရင်းတစ်ယောက်လိုချစ်သောမာမီ့ကို ဘယ်လိုပါးစပ်နှင့်ပြောထွက်မလည်း။
" သားပြောလေ...ဘာပြောချင်လို့လဲ..."
"ဟို...မာမီ..သားတည်တံ့နဲ့ ကွာရှင်းခြင်လို့ပါ..."