P-1

523 10 0
                                    

"အဲနေ့က
ကျွန်တော်ဘဝမှာပျော်ရွှင်စရာနေ့ဖြစ်သလို
ကံဆိုးတဲ့နေ့လဲဖြစ်ပါတယ်"

"ဘာလို့ဆိုဆယ်တန်းစာမေးပွဲဖြေပ
ပြီးတဲ့အထိန်းအမှတ်သူငယ်ချင်းတွေနဲ့နောက်မတွေ့ရတော့မှာမို့မုန့်စုစားရင်း အမှတ်တရဓတ်ပုံရိုက်ကြတဲ့နေ့ပေါ့ "

"သူငယ်ချင်း တွေနဲ့မုန့်စားပြီးအပြန် ကိုယ်စိကိုယ်အိမ်ကို ပြန်ကြတာပေါ့ ကျွန်တော်အိမ်နဲ့ကားဂိတ်က၁၀မနစ်လောက်လမ်းလျှောက်ရတယ်ညနေ၆
နာရိလောက်ဆိုတော့ လူတော့နည်းနည်းရှင်းနေတယ် "

"ဒါပေမဲ့ပြန်နေကြဆိုတော့သိပ်တော့မကြောက်ပါဘူးဒိမြေမှာငယ်မွေးခြံပေါက်ကိုမသိတဲ့သူမရှိဘူးလမ်းဘေးခွေးကအစကျွန်တော်ကိုမှတ်မိတယ် "

"ဒါပေမဲ့ဒိနေ့အိမ်ပြန်ရတာကျောနည်းနည်းချမ်းတယ်ရာသိဥတုကမိုးအုပ်နေလို့ထင်ပါတယ်
ထိုအချိန်
လူတစ်ယောက်နောက် ယောင်ခံလိုက်လာသလိုခံစားရတယ် ကျွန်တော်လဲသုတ်သုတ်ပြေးတာပေါ့ "

"ထိုအချိန်နောက်ကနေ "

"ညီလေးညီလေး "

ကျွန်တော်လှည့်ကြည့်လိုက်သည် အသက် ၂၀
လောက်ရှိမဲ့အရပ်မြင့်မြင့်အသားခပ်လတ်လတ်အမျိုးသားတစ်ယောက်ဖြစ်သည်။

သူကနောက်ကပြေးလာလို့နည်းနည်းမောနေပုံပေါက်တယ်သူပုံစံကြည့်ရတာ သူခိုးဂျပိုးရုပ်တော့မပေါက်ဘူး ဒါပေမဲ့သတိထားပြီးစကားပြန်ပြောလိုက်သည်။

"ကျွန်တော်ကိုခေါတာလားဗျ "

"ဟုတယ်ညီလေး "

"ဘာကူညီပေးရမလဲဗျာ "

"အကို ကားဒိနားမှာဆီကုန်သွားလို့ "

"ဆီရောင်းတဲ့ဆိုင်သိလားအကိုမေးချင်လို့ပါ "

"နည်းနည်းတော့ဝေးတယ်အကို "

"ဖြစ်နိုင်ရင်အကိုကိုဆီဆိုင်ကိုလိုက်ပို့ပါလား
ပြီးရင်ညီအိမ်ကိုအကိုကားနဲ့ပြန်လိုက်ပို့မယ်လေ "

အွင်းလေဆီဆိုင်ကအဝေးကြီးမှမဟုတ်တာ
ငါလဲဒုက္ခရောက်နေတဲ့သူကူညီရမှာပေါ့။

" ရတယ်လေအကို "

"အဲဒါဆို အကိုကားဆီ မှာဆီဗုန်းသွားယူလိုက်ဥိးမယ် "

ချစ်သက်ကျွန်Where stories live. Discover now