ကိစ္စတွေပြီးတော့ အဝတ်အစားတွေကလဲခြောက်တော့ပြန်ဝတ်ရင်း၂ယောက်သားအတူအိပ်ဖို့လုပ်ကြသည်..။
ဦးရန်နိုင်ရဲ့သက်လျှံရဲ့လက်မောင်းပေါမှာ...။
ထိုအချိန်တစ်ဖက်မှာလဲ.....။
ဦးရန်နိုင်ရဲ့လူတွေကမိုးရေထဲမှာအသည်းသန်လိုက်ရှာနေသည်....။
ဦးရန်နိုင်ကိုဦးဆောင်ပြီးလိုက်ရှာသူမှာ
သူရဲ့ညာလက်ရုံး ရိန်း နဲ့ဘယ်လက်ရုံး ဂျက်..။လိုက်ရှာနေတဲ့အဖွဲ့ ထဲက...လက်အောက်ငယ်သား
၃ယောက်က....။"မင်းတို့ရိန်းအကြောင်းသိလား.."
"သိတာပေါ့ဗျ ငါတို့ နဂါးဂိုဏ်းမှာ သူအကြောင်းမသိတဲ့သူဘယ်သူရှိသေးလို့လဲ.."
"အေးဟုတယ်နော်... "
"မင်းနဲ့ငါကသိပင်မဲ့ဟိုအသစ်လေးကတော့သိမှာမဟုတ်ဘူး...."
" အသစ်လေးကိုပြောပြလိုက်..."
" တွေ့လားညာလက်မှာနဂါးပုံနဲ့ လူကို "
"ဟုတ် အဲလူကိုကြည့်ရာအောဇာအာဏာရှိမဲ့ပုံဘဲဂိုဏ်းထဲကလူတွေအကုန်သူကိုကြောက်ကြတယ်..."
" အောဇာအာဏာရှိတာလဲမပြောနဲ့..
သူကစကားကိုနောက်မှပြောတာ လက်ကအရင်သူလက်ကြောင့်သေသွားတဲ့လူတွေလက်ချိုးရေလို့တောင်မရဘူး...."" တစ်ခါထဲအကို ဘယ်လက်ရုံးဂျက်အကြောင်းပါပြောပြမယ်...."
" ဘယ်လက်ရုံးကအနေအေးတယ်စကားတစ်ခွန်းတောင်မပြောဘူး..."
"အနေအေးသလောက်လူသတ်တဲ့နေရာမှာလဲ....ဆရာကျတယ်သူလက်ထဲမှာသေသွားတဲ့လူတွေကဘယ်တော့မှ အေးဆေးမသေရဘူး
သူတို့ဘဝမှာအရှင်လတ်လတ်ငရဲကျပြီးမှသေရတာ..."ထိုအချိန်.....။
ဦးရန်နိုင်တို့နားနေသောရွက်ဖျင်တဲကိုတွေ့သွားကြသည်...။
"ဆရာ......ဒိမှာတစ်ခုခုတွေ့တယ်..."
တောကျွမ်းတဲ့သူကိုခေါပြီ.....
"သူတို့နေသွားတာကြာပြီလား..."(ရိန်း)
" မကြာသေးဘူးအလွန်ဆုံး တစ်ရက်လောက်ဘဲ."