အိမ်နားထိ ဦးရန်နိုင် ရဲ့လူတွေလိုက်ပို့သည်။
အိမ်ထဲသို့ဝင်ခါနီး သက်လျှံတစ်ယောက်
သူရဲ့ငိုချင်စိတ်တွေကိုမနည်းထိန်းပြီးအိမ်ရှေ့ကဘဲကိုတီးလိုက်သည်...။အိမ်တံခါးလာဖွင့်ပေးသောသူမှာ သက်လျှံအမေဒေါသစ္စာဖြစ်သည်။
ဒေါသစ္စာတစ်ယောက်သက်လျှံကို ပြေးဖက်လိုက်သည်... ။
"အဖေကော အမေ.. "
"မင်းအဖေဒိနေ့ဘဲအလုပ်သွားတယ်သားကိုလိုက်ရှာနေတာသားအဖေ အလုပ်တောင်ဒိနေ့မှသွားတာမဖြစ်မနေမို့..."
"သားတောင်းပန်ပါတယ်..."
"သားရယ် ဘယ်တွေရောက်နေတာလဲ အမေတို့သားကိုလိုက်ရှာတာ နှံနေပြီရှာမတွေ့လို့
ရဲစခန်းမှာတောင်လူပျောက်တိုင်ထားတာ ""သား သူငယ်ချင်းအမေအသဲသန်ဖြစ်လို့ဆေးရုံကိုပါသွားတာအမေ "
"ပါသွားရင်လဲအမေတို့ကို ဖုန်းလေးဘာလေးဆက်ပေါ့သားရယ်အခုကအမေတို့ကဘာဖြစ်လို့ဖြစ်မှန်းမသိ.. "
"ဖုန်းကလမ်းမှာခါးပတ်နိူက်ခံလိုက်ရလို့ပါ "
"ပြီးတော့သားအမေသူငယ်ချင်းကသွေးလိုတာသားသွေးနဲ့တူနေတာအဲဒါ သားပေးလိုက်ရလို့အားနည်းပြီးဆေးရုံမှတစ်ရက်လောက်နေလိုက်ရလို့ သားကောင်းလာတော့ သူအမေကဆုံးသွားတာတဲ့အဲဒါသားလဲ သူအမေရဲ့နာရေးမှာကူနေတာ
သားဖုန်းဆက်မလို့လုပ်ပင်မဲ့ တောဘက်ဆိုတော့ဖုန်းလိုင်းကပြတ်နေတာပြီးတော့အမေတို့ဖုန်းလဲအလွတ်မရတာနဲ့ ဟဲဟဲ...""အေးအေးနင်ဦးနှောက်က အိမ်ကိုပါမေ့သွားရမှာ.."
"သားအိမ်ကိုမေ့သွားရင်အမေတို့လွမ်းနေရမှာပေါ့"
"ဟုတ်ပါပြီသားဘာစားချင်လဲ"
"သားဘာမှမစားချင်ပါဘူး.."
"သားအဖေကိုလဲဖုန်းဆက်ရဦးမယ်
သားပြန်ရောက်ပြိလို့ ""ဟုတ်အမေ "
သက်လျှံအမေကိုပြုံးပြနေပင်မဲ့ သူရင်ထဲငိုကြွေးနေတာဘယ်သူသိမှာလဲ ။
ညနေထမင်းဝိုင်းမှာ သားပြန်ရောက်လို့အဖေနဲ့အမေ... ။
"အမေကိုသားတစ်ခုမေးလို့ရမလား..."