ဦးရန်နိုင်သတိရလာသည် ဘေးဘီကိုကြည့်တော့
သူတဲတစ်ခုထဲရောက်နေသည်...။သူခြေထောက်ကိုကြည့်တော့သစ်ငုတ်တိုမရှိတော့ဘူးသက်လျှံရဲ့အပေါအိမ်ကျီကိုသူအနာပေါတွင်စည်းပေးထားတာတွေ့ရသည်...။
အပြင်ဘက်ကိုကြည့်တော့ သက်လျှံတစ်ယောက်မိးဖိုဘေးမှာထိုင်နေသည်...။
ဦးရန်နိုင်ခြေထောက်ကိုအားမနည်းယူပြီး အပြင်ကိုအထွက်....။
သူအသံကြားတာနဲ့လှည့်ကြည့်သောသက်လျှံ..။
ပြီးတော့
ဥိးရန်နိုင်ကိုမီးဖိုဘေးနားရောက်အောင်
တွဲခေါပေးလိုက်သည်။"ခြေထောက် အနာကသပ်သာလား "
"အေးနည်းနည်းသက်သာတယ်..."
"ရော့ ခင်ဗျားဗိုက်ဆာနေမှာပေါ့"
"ဘာကြီးလဲ "
"ငှက်ပျော်သီးမီးဖုတ်....စားမှသာစားပါ "
"တောထဲ ဘာမှမရှိဘူးငှက်ပျောသီးကလဲအစိမ်းတွေဘဲ ကြံမရတဲ့အဆုံးကျွန်တော်မိးဖုတ်ပြီးအရင်စားကြည့်တာ အရသာကအရမ်းမကောင်းပင်မဲ့ဗိုက်ဆာတာကိုတော့ပျောက်စေတယ်..."
ဦးရန်နိုင် ငှက်ပျော်သီးကိုအနံနမ်းကြည့်တော့မွှေးတော့မွှေးတယ်သူရွှေးစရာမှမရှိတာတောထဲမှာကို....။
" မင်းငါကိုမမုန်းဘူးလား.... "
" ဟင်းအင်း... "
"ဘာလို့လဲငါမင်းကိုဒိလောက်နှိပ်စက်ထားတာတောင်"
" အစကတော့မုန်းမိမှာပေါ့ နောက်တော့ခင်ဗျားအကြောင်းတွေသိတော့မမုန်းတော့ပါဘူး
ကျွန်တော်သာခင်ဗျားနေရာဆိုလဲဒိထက်ဆိုးတာတွေလုပ်မိမှာ ""မင်းကငါအကြောင်းဘာတွေသိလို့လဲ..."
"ထားပါ ကျွန်တော်အိပ်ချင်နေပြီခင်ဗျားကောအိပ်မှာလား "
"အွင်းငါလဲလုပ်စရာမရှိဘူးလေ "
ဥိးရန်နိုင်ကိုတဲထဲ တွဲခေါပြီး၂ယောက်သား
ကျောချင်းကပ်ပြီးဘာစကားမှမပြောဘဲအိပ်လိုက်ကြသည်...။ညဝက်လောက်ကျ ဦးရန်နိုင် ချမ်းပြီးတုန်လာသည်အနာရှိန်ကြောင့် ဖျားနေခြင်းဖြစ်သည်။