P-6

227 4 0
                                    


သက်လျှံတစ်ယောက်အားလုံးအိပ်တဲ့အချိန်ကိုစောင့်ပြီး အပြင်ကိုထွက်လာခဲ့သည် အိမ်ကလူတွေကိုစိတ်မပူအောင်နယ်ဘက်အလုပ်သွားလုပ်မယ်ဆိုပြီးစားရေးထားခဲ့သည်...။

ဒါကျွန်တော်တတ်နိုင်တာအကုန်ဘဲ
ကျွန်တော်မိသားစုကိုကယ်တင်ဖို့အတွက်ဓားစာခံအနေနဲ့နေရနေရ ဒါကတန်ပါတယ်...။

ကျွန်တော်အပြင်ထွက်တော့မနက်၂နာရီ ဥိးရန်နိုင်ရဲ့လူတွေက အိမ်နားမှာအသင့်ရှိနေသည်။

တောထဲကအိမ်ရောက်ခါနီးမလိုတလိုမှာကားကပျက်သွားသည်..။

"ဟေ့လျောင်ကား ကဘာဖြစ်တာလဲမသိဘူးဆင်းကြည့်စမ်း.. "

"မင်းဒိကောင်လေးကိုသေချာကြည့်ထားနော်
သူပျောက်ရင်မင်းအသက်ပျောက်မှာ..."

ဟိုတစ်ယောက်ကားကိုဆင်းကြည့်နေတုန်း
ကားပေါမှာကျန်ခဲ့တဲ့သူဆီဖုန်းဝင်လာသည်...။

သူဖုန်းသံက နားပါးလွန်းတဲ့ကျွန်တော်အတွက်အတိုင်းသားကြားနေရသည်..။

"မင်းသူကိုသတ်ပြီးအစဖျောက်လိုက်တော့
ငါတို့အကြောင်းတွေလျှောက်မပြောခင်.."

"ဟုတ်ကဲ့ဆရာ အခုဘဲသတ်လိုက်ပါ့မယ် "

သက်လျှံတစ်ယောက် အဲစကားကိုကြားတာနဲ့
ကားနောက်ခန်းတံခါးကိုဖြေးဖြေး ခြင်းဖွင့်ပြီး
အသက်ကုန်နောက်ကိုလှည့်မကြည့်တောထဲသို့ဝင်ပြေးသွားသည်...။

ရှေ့က ကားပြင်ပြီးပြန်လာတဲ့တစ်ယောက်ကားထဲကြည့်တော့.....။

"ဟေ့လျောင် ဟိုကောင်လေးကော "

"နောက်မှပေါ့ဟ "

"မရှိဘူးဟ "

သူနောက်လှည့်ကြည့်တော့ သက်လျှံကမရှိတော့..။

"မင်းကတော့ခေါင်းပြတ်တော့မယ် "

သူတို့၂နာရိလောက်
တောထဲမှာပတ်ရှာပြီး မတွေ့တာနဲ့
ရန်နိုင်ရှိရာဆီသတင်းပြန်ပို့ကြသည်...။

"ခွက်! !!!!..."

"$သုံးမကျတဲ့ကောင်တွေ အခါမိုးကချူပ်ခါနီးနေပြီတောထဲမှာတောကောင်တွေဘယ်လောက်ပေါလဲမင်းတို့သိလား "

"သူဘာသူအသာတကြည်ပြန်လိုက်လာတော့
ကျွန်တော်တို့လဲ ပေါ့လျော့မိတာပါ ..."

"ထားတော့ အားလုံးကိုပြောလိုက်လိုက်ရှာဖို့ "

"ဟုတ်...."

တစ်ဖက်တောထဲကတစ်နေရာမှာပုန်းနေတဲ့
သက်လျှံတစ်ယောက်မှာလဲ...။

"ဒိလူငါကိုအစောထဲက​သတ်ဖို့လုပ်ထားတာဘဲ သူကိုအမှုမပတ်အောင်
ငါကိုအိမ်ပြန်ခိုင်းတာ ငါကအိမ်ကိုလိုက်မရှာအောင်တစ်ခုခုပြောခဲ့မယ်ဆိုတာသူသိနေလို့ "

ဒါပေမဲ့ သက်လျှံ တစ်ယောက်တောကြောက်တာငယ်ငယ်ထဲက... ​ချုံပတ်ထဲမှာ ​ပုန်းနေတာခြင်ကလဲကိုက် ရေကလဲဆာ ....။

​ချုံပတ်ထဲကထွက်လာပြီး ရေရနိုင်မဲ့နေရာကိုပက်ရှာနေတုန်း မိုးကချူပ်ခါနီးလာနေပြီ..... ။

ထိုအချိန် ဦးရန်နို​င်အသံနဲ့သူလူတွေအသံကိုကြားတယ်....။

သက်လျှံတစ်ယောက်ချောင်းကြည့်တော့
သေနတ်တွေ စစ်ခွေးတွေနဲ့   ဒိအချိန်စစ်ခွေးတစ်ကော​င်ကကျွန်တော်ဘက်ကို အူလိုက်သည်...။

သုတ်ခြေတင်ပြေးတာ...ဒါပေမဲ့ ဦးရန်နိုင်နဲ့
ဒဲ့ဝင်တိုက်တာ....။

"အားနာတာ....."

ဝင်တိုက်မိတဲ့သူကိုမကြည့်အားသေး...
ခေါင်းမူးနေလို့......။

သေချာကြည့်မှဦးရန်နိုင်ဖြစ်နေတယ်
ဦးရန်နိုင်လဲတိုက်တဲ့အရှိန်ကြောင့်မူးသွားတယ်ထင်လဲသူလဲ....။

အမြန်ထပြီးပြေးဖို့အလုပ်ဦးရန်နိုင်က ခြေထောက်ကြီးကိုလှမ်းစွဲထားသည်...။

သက်လျှံတစ်ယောက်မနည်းရုန်းပြီးအတင်းပြေးသည်...။

ဦးနိုင်တစ်ယောက်ထပြီးသူလူတွေကို...။

"အားလုံးဒိဘက်မှာ....."

သက်လျှံတစ်ယောက်ပြေးနေပင်မဲ့ရေဆာတာကတစ်ကြောင်းနောက်ကလိုက်လာတဲ့ဦးရန်နိုင်နဲ့သူလူတွေကြောင့် စိတ်ကောလူပါပင်ပန်းနေပြီ.ဒါပေမဲ့မိရင်သူသတ်ခံရမှာသိနေတယ်...။

သူပြေးနေရင်းရှေ့မှချောက်ဘဲရှိတော့သည်..လမ်းဆုံးသွားသည်ထိုအချိန်..........။
ဦးရန်နိုင်တို့ကမှိသွားသည်...။

"ပြေးလေ ဆက်ပြေးဦးလေ.."

"ရှေ့မတိုးလာနဲ့ကျွန်တော်ခုန်ချမှာနော်...."

"ခုန်ချလေ...မင်းကိုဘယ်သူကတားနေလို့လဲ..."

နောက်ကိုကြည့်တော့ချောက်ကြိးဘဲရှိတယ်...။
နောက်ကိုခဏလှည့်ကြည့်တာ
အနားကိုဦးရန်နိုင်ရောက်လာသည်။

လန့်ပြီးခြေလျှော်သွားတာဦးရန်နိုင်ကိုပါသူနဲ့အတူချောက်ထဲဆွဲခေါသလိုဖြစ်သွားသည်...။

မျှော်


ချစ်သက်ကျွန်Where stories live. Discover now