သက်လျှံ တောထဲမှာခြေဦးတည့်ရာသွားရင်း
မနိးမဝေးမှာ မိးခိုးထွက်နေတဲ့အိမ်တစ်လုံးကိုလှမ်းမြင်လိုက်သည်....။သူတွေဝေသွားသည်ဒိတောကြီး
မျက်မည်းထဲမှာ အိမ်တစ်လုံးက ရှိနေတော့
စုန်းအိမ်လားကဝေအိမ်လားပေါ့....မဟုတ်လဲမှောင်ခိုသမားတွေနားခိုရာလားဘာလားပေါ့...။ခြံနားကိုကပ်ပြီး သူတိတ်တိတ်လေးအခြေအနေကိုလေ့လာနေသည်...။
ထိုအချိန်နောက်ကနေသေနတ်နဲ့သူခေါင်းကိုတစ်ယောက်ယောက်ကထောက်ထားသည်..။
"လက်မြှောက်ထားဘယ်သူလဲငါခြံနားဘာလာလုပ်တာလဲ.."
"ကျွန်တော် တောထဲမှာလမ်းပျောက်သွားပြီးဒိအိမ်ကိုတွေ့လို့ပါ "
"သေချာလား..."
"သေချာပါတယ်ဗျ.."
သက်လျှံလှည့်ကြည့်တော့ အသက်၅၀ ကျော်
လောက်ရှိတဲ့အဘိုးအိုတစ်ယောက်....။"မင်းတို့ကဒိတောထဲဘာလာလုပ်တာလဲ.."
"သူငယ်ချင်းနဲ့ အပန်းဖြေခရီးထွက်လာတာ
သူငယ်ချင်းက မတော်တဆသစ်ငုတ်စိုက်မိလို့
သူကိုအဲဒါ ခနထားခဲ့ပြီးကျွန်တော်ကအစားစာ
လာရှာရင်းဦးလေးအိမ်ကိုတွေ့တာပါ တစ်ကယ်ပါဗျ......""အေး မင်းကိုဘာကူညိရမလဲ မင်းသူငယ်ချင်းကိုကောဘယ်နားမှာထားခဲ့တာလဲ... "
"ရေစပ်နားမှာပါဦးလေး..."
"ငါမင်းလိုအပ်တဲ့ဟာတွေကူညီလို့ရတယ်ဒါပေမဲ့မင်းဒိခြံထဲကမြန်မြန်ထွက်သွား..."
"ရပါတယ်ဗျ...."
အဘိုးအိုရဲ့စကားတွေကထူးဆန်းသည်...။
" ဒါနဲ့ဥိးလေး ဆေးနဲ့ အခင်းလေးတစ်ခုခုဖြစ်ဖြစ်ရနိုင်မလား.. စောင်လေးပါးပါးလေးတစ်ထည်ပါရမလားသူငယ်ချင်းကအနာရှိန်နဲ့ဖျားပြီး ချမ်းနေလို့ပါ"
"အေးအေးရတယ်ပေးမယ်.. "
"ကျွန်တော်နောက်ကျပြန်လာပေးပါ့မယ်.."
"ရတယ်ပြန်လာပေးစရာမလိုဘူးငါအိမ်မှာ
လိုလိုပိုပိုဝယ်ထားတဲ့အိပ်ရာခင်းတွေရှိတယ်.."