သက်လျှံ ဂူထဲကိုသေချာရှင်းလင်းပြီး
ထင်းခြောက်တွေရှာပြီးမိးဖိုလေးဖိုလိုက်သည်.။ပြီးတော့အဘိုးအိုဆီကရတဲ့အောက်အခင်းကိုခင်းပြီးဦးရန်နိုင်ကိုအခင်းပေါခေါလိုက်သည်...။
ပြီးတော့ဦးရန်နိုင်ကိုသူပါလာတဲ့အသီးအနှံလေးတွေထုပ်ကြွေးလိုက်သည်.... ။
အစားစားနေတဲ့ဦးရန်နိုင်ကိုကြည့်ပြီး..
ခေါင်းလေးပုတ်လိုက်သောသက်လျှံ...။"မင်းဘာလုပ်တာလဲငါခွေးမဟုတ်ဘူးနော်..."
"ချစ်လို့ပါဗျာ...."
"မင်း...."
ရှက်ပြီးဟိုဘက်လှည့်သွားသောဦးရန်နိုင်....။
"ဒိလိုလူမိုက်ကြီးကလဲရှက်တတ်သေးတာဘဲ.."
"မင်းပြောတာငါကြားတယ်နော်...."
"နားကလဲပါးသေးတယ်..."
စားပြီးတာနဲ့ဦးရန်နိုင်ကိုဆေးတိုက်ပြီး
အိပ်ဖို့ပြင်ကြသည်...။အဘိုးအိုပေးလိုက်တဲ့အိပ်ရာခင်းက
အရမ်းမထူပင်မဲ့အချမ်းလျော့ပို့အတွက်အဆင်ပြေသည်ဒါပေမဲ့အခင်းကတစ်ခုထဲပေးလိုက်တော့..
ဦးရန်နိုင် ကိုပေးပြီးသက်လျှံကတော့မခြုံပေ...။"စောင်ကတစ်ထည်ထဲလား.."
"အွင်းလေ... "
"ဖြစ်လို့လားညဘက်ချမ်းတယ်.နော်..."
"ဖြစ်ပါတယ်ကျွန်တော်ယာကျာ်းပါ..."
"အဲဒါဆိုဒိလိုလုပ်
အတူခြုံမယ်လေ ငါတစ်ယောက်ထဲတော့မခြုံချင်ဘူး...ငါတစ်ကိုယ်ကောင်းမဆန်ချင်ဘူး..."စောင်အတူတူခြုံဖို့နည်းနည်းဝေးဝေးအိပ်နေရာကနေ အနီးနားကိုစုလိုက်သည်... ။
ဦးရန်နိုင်တစ်ယောက်စောင်အတူခြုံရာ
လက်နဲ့ခုအိပ်ရတာအဆင်ပြေဟန်မရ...။သက်လျှံကဦးရန်နိုင်ခေါင်းကိုသူလက်မောင်းပေါတင်လိုက်သည်...။
"မင်းလက်ညောင်းနေဦးမယ်..."
"အိပ်စရာရှိအိပ်ပါ..."
ဒိလိုနဲ့သံယောဇဥ်တွေ တွယ်လို့တွယ်မိမှန်းမသိရင်းရင်ဘက်ချင်းနိးနားလာခဲ့သည်....။